DVB Logo
Home
မြန်မာသတင်း
သတင်းစာဆရာဦးစည်သူအောင်မြင့်နှင့် သတင်းထောက်မထက်ထက်ခိုင်တို့ကို အင်းစိန်‌ထောင်တွင် ဖမ်းဆီးထား
DVB
·
October 14, 2021
သတင်းစာဆရာဦးစည်သူအောင်မြင့်နှင့် သတင်းထောက်မထက်ထက်ခိုင်တို့ကို  အင်းစိန်‌ထောင်တွင် ဖမ်းဆီးထား
Donate to DVB

ဝါရင့်သတင်းစာဆရာဦးစည်သူအောင်မြင့်နဲ့ သတင်းထောက်မထက်ထက်ခိုင်တို့ကို အင်းစိန်အကျဉ်းထောင် သီးသန့်ဆောင်မှာ ထိန်းသိမ်းထားပြီး အောက်တိုဘာ ၂၆ ရက်နေ့မှာ တရားလိုတွေကို စတင်စစ်ဆေးသွားမှာဖြစ်တယ်လို့ ရှေ့နေကပြောပါတယ်။ 

သတင်းစာဆရာဦးစည်သူအောင်မြင့်နဲ့ သတင်းထောက်မထက်ထက်ခိုင်တို့ကို အောက်တိုဘာ ၁၃ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်နေ့မှာ တရားလိုတွေကို စတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။

VOA နဲ့ Frontier Myanmar သတင်းဌာနတို့ရဲ့ ပင်တိုင်ဆောင်းပါးရှင်  ဦးစည်သူအောင်မြင့်ကို စစ်ကောင်စီက ဩဂုတ်လ ၁၅ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၂၄ (က) တွေနဲ့တရားစွဲခဲ့ပါတယ်။ BBC Media Action မှာ အလွတ်တန်းထုတ်လုပ်ရေးမှူးတာဝန်ထမ်းနေဆောင်နေတဲ့ မထက်ထက်ခိုင်ကိုတော့ ပုဒ်မ ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) တို့နဲ့ စွဲဆိုထားပါတယ်။ 

အလားတူ စက်တင်ဘာ ၁ ရက်နေ့မှာ အဖမ်းခံခဲ့ရတဲ့ အလွတ်တန်းသတင်းထောက်မသူဇာကိုလည်း စစ်ကောင်စီက အောက်တိုဘာ ၁၃ ရက်နေ့မှာ အင်းစိန်ထောင်ကိုလွှဲပြောင်းခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) တရားစွဲထားပါတယ်။

မသူဇာကို စစ်ကောင်စီက ဖမ်းဆီးပြီး တစ်လကျော်သတင်းအစနပျောက်နေခဲ့ရာကနေ ပြန်လည်သတင်းရခဲ့တာဖြစ်ပြီး ဒဂုံအရှေ့ပိုင်းမြို့နယ်ရဲစခန်းက တရားလိုပြုလုပ်ပြီး တရားစွဲထားတာပါ။

ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်ဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်း မီဒီယာ ၈ ခုကို တရားဝင် ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့ပြီး စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီးတာ၊ တရားစွဲတာတွေ ပြုလုပ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သတင်းလွပ်လပ်ခွင့်ကို အကြီးအကျယ်ချိုးဖောက်ခဲ့ရုံမက  သတင်းသမား ၁၀၀ ကျော်ကိုလည်း ဖမ်းဆီးထားခဲ့ပါတယ်။ တချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ လက်ရှိအချိန်အထိ   အကျဉ်းထောင်တွေထဲမှာ သတင်းသမားအယောက် ၅၀ ကျော်ဟာ ဆက်လက် ဖမ်းခံထားရပါတယ်။ ဒီအထဲက ဒီဗွီဘီ သတင်းထောက် ၃ ဦးအပါအဝင် ၄ ဦးကတော့ ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခံထားရပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013