
၂၀၁၄ မတ်လမှာ စတင်ကောက်ခံမယ့် ပြည်လုံးကျွတ် သန်ခေါင်စာရင်း ကောက်ယူရေးနဲ့ ပက်သက်လို့ လူဝင်ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက တိုင်းရင်းသားအဖွဲ့အစည်းတွေကို ဒီဇင်ဘာ ၃၀ ရက်နေ့က ချင်းမိုင်မြို့ Holiday Inn Hotel မှာ ရှင်းလင်းတင်ပြသွားပါတယ်။
မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ထိ ကောက်ခံသွားမှာ ဖြစ်ပါတယ်။
၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမယ့်အခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးခင်ရီကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။
အသံဖိုင် နားဆင်ရန်










