DVB Logo
Home
မြန်မာသတင်း
ကလော့ချောင်းတံတား ဗုံးခွဲမှုမလုပ်ခဲ့ဟု ရေး PDF ရှင်းလင်း၊ မလိုအပ်ဘဲ အပြင်မထွက်ရန် သထုံ PDF သတိပေး
DVB
·
October 14, 2021
ကလော့ချောင်းတံတား ဗုံးခွဲမှုမလုပ်ခဲ့ဟု ရေး PDF ရှင်းလင်း၊ မလိုအပ်ဘဲ အပြင်မထွက်ရန် သထုံ PDF သတိပေး
1 / 4
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ် ရန်ကုန်-ရေး-မြိတ် ကားလမ်းမကြီးပေါ်က ဒေသအခေါ် ပေ ၄၀ တံတား (ကလော့ချောင်းတံတား) ဟာ အောက်တိုဘာ ၁၃ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်လောက်က ဗုံးခွဲဖျက်ဆီးခံခဲ့ရပါတယ်။

ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့အတွက် တံတားယက်မတစ်ချောင်း ပြိုကျပျက်စီးခဲ့သလို တံတားကြမ်းခင်းတချို့ ထိခိုက်ပျက်စီးခဲ့ပြီးနောက် ကုန်တင်ကားတွေကို ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားတာပါ။

အဲဒီတံတား ဗုံးခွဲဖျက်ဆီးမှုကို သူတို့လုပ်ဆောင်တာမဟုတ်ဘဲ စစ်ကောင်စီက ပြည်သူတွေ အထင်မြင်လွဲမှားစေအောင် လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFက ရှင်းလင်းချက် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီတံတားမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့ ရေး PDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်မှု ဖြစ်ပြီးနောက် စစ်ကောင်စီဘက်က လုံခြုံးရေး တိုးမြှင့်ထားတဲ့ တံတားတစ်ခုလည်း ဖြစ်ပါတယ်။

ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့အတွက်ကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း ၁၀၀ လောက် ရှိတယ်လို့ ရေးအာဏာပိုင်တွေက ပြောဆိုထားပြီး လက်ရှိမှာတော့ တံတားပြင်ဆင်မှု စတင် လုပ်ဆောင်နေပြီးလို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ်မှာ ပြည်သူတွေအနေနဲ့ မလိုအပ်ရင် နေအိမ်အပြင်ထွက်တာတွေ မလုပ်ကြဖို့နဲ့ သွားလာလှုပ်ရှားမှုပိုမို သတိထားကြဖို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထပ်မံသတိပေး ထုတ်ပြန်လိုက်ပါတယ်။

သထုံ PDF က အခုကာလဟာ နိုင်ငံတော်အရေးပေါ် အခြေအနေ သတ်မှတ်ထားတဲ့ အချိန်ကာလ ဖြစ်တာအတွက်ကြောင့် ပြည်သူတွေအနေနဲ့ သီတင်းကျွတ်ကာလမှာ သွားလာလှုပ်ရှားမှုတွေ ပိုမို သတိထားဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပြည်သူတွေ ည ၈ နာရီနောက်ပိုင်းမှာ မလိုအပ်ဘဲ အပြင်ထွက်တာတွေ မပြုလုပ်ကြဖို့နဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အဆောက်အဦ၊ ရုံးနေရာတွေကို သွားလာတွေ ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။

သထုံ PDF ကတော့ စစ်ကောင်စီရဲ့ ရေရှည် ရပ်တည်နိုင်ရေးကို အထောက်အကူပြုနေတဲ့ ထောက်တိုင်တွေကို ဆက်လက် တိုက်ခိုက်ဖြိုချသွားမယ်လို့ ဆိုပါတယ်။

သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၃ ဦးထက်မနည်း သုတ်သင်ထားသလို စစ်ကောင်စီ ဝင်ငွေရရှိနေတဲ့ Mytel တာဝါတိုင်တွေကိုလည်း ဗုံးခွဲဖျက်ဆီးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013