DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံမှ လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်းရောက်ရှိ
DVB
·
October 14, 2021
တရုတ်နိုင်ငံမှ လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်းရောက်ရှိ
Donate to DVB

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို လှူဒါန်းတဲ့ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်းထဲက ပထမအသုတ် ၁ သန်းဟာ အောက်တိုဘာလ ၁၃ ရက်နေ့က ရောက်ရှိလာခဲ့ တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၃ ရက် ည ၆ နာရီက အဲချိုင်းနားလေကြောင်းလိုင်းနဲ့ ရန်ကုန် အ ပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီကာကွယ်ဆေးတွေကိုတော့ ကျောင်းသားကျောင်းသူတွေကို ထိုးနှံပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီကတော့ အသက် ၁၂ နှစ်ကနေ ၁၈ နှစ်ကြား အခြေခံပညာ ကျောင်းသားကျောင်းသူ ၁ သန်း လောက်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေး သွားဖို့ ကြေညာထားခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လတုန်းက ကျောင်းအပ်နှံထားကြပြီး ကျောင်း တက်ကြမယ့် ကျောင်းသား ကျောင်းသူတွေ အကျုံးဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ခုလိုထုတ်ပြန်ထားပေမယ့် စစ်အာဏာရှင်စနစ်ကို မလိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ အခြေခံပညာအဆင့်၊ အဆင့်မြင့်ပညာအဆင့် ဆရာဆရာမတွေရော၊ ကျောင်းသားကျောင်းသူတွေကပါ ကျောင်းဆက် မတက်ကြဘဲ တော်လှန်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုး နှံပြီးသူ အရေအတွက် ၁၀ သန်းခွဲကျော်ရှိပြီလို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာ ကွယ်ဆေး သွားရောက်ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄၈၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၈,၀၀၀ ကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၈ လ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013