DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ခဲ့သူ အကြမ်းဖက် စစ်ခေါင်းဆောင်ကို ကာချုပ်တာဝန်မှရပ်စဲကြောင်း ကြေညာ
DVB
·
October 13, 2021
နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ခဲ့သူ အကြမ်းဖက် စစ်ခေါင်းဆောင်ကို ကာချုပ်တာဝန်မှရပ်စဲကြောင်း ကြေညာ
Donate to DVB

နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ခဲ့သူ  အကြမ်းဖက်စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်တပ်အကြီးအကဲတွေကို  တာဝန်မှရပ်စဲကြောင်း မြန်မာ့တပ်မတော်အရာရှိ၊ စစ်သည်တွေကိုယ်စား ပြည်သူ့စစ်သားများအဖွဲ့ People’s Soldiers အဖွဲ့က ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်အကြီးအကဲတွေက ရာထူးမှ နုတ်ထွက်ပေးဖို့ အတင်းအဓမ္မ ခြိမ်းခြောက်ခဲ့ပြီး နိုင်ငံတော် အာဏာလုယူခဲ့တာဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၂(၁)အရ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ကျူးလွန်ခဲ့တာ ဖြစ်ပြီး တပ်မတော်ရဲ့ စစ်စည်းကမ်းကို ချိုးဖောက်ခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ဒီပြစ်မှုအရ အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်တပ် အကြီးအကဲတွေကို  တာဝန်မှရပ်စဲကြောင်းနဲ့ အချက် ၇ ချက်ကိုလည်း ထုတ်ပြန်ထားခဲ့ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်အဆင့်ကနေ တပ်သားအဆင့်အထိ တပ်မတော်သားတွေအားလုံးဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ် သစ္စာစောင့်သိဖို့ တာဝန်ရှိကြောင်းနဲ့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို အသက်နဲ့ထပ်တူ ကာကွယ်ပေးရမယ့် တာဝန်ဟာ တပ်မတော်သားတွေရဲ့ တာဝန်ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တာဝန်ကနေ ရပ်စဲခံရတဲ့ မင်းအောင်လှိုင်နဲ့ နောက်လိုက်အပေါင်းအပါတွေဟာ တပ်မတော်ကို ကိုယ်စားပြုခြင်းမရှိတော့တာကြောင့် သူတို့ရဲ့ အမိန့်တွေကို နာခံဖို့ မလိုအပ်တော့ကြောင်းနဲ့ တပ်မတော်သားတွေအနေနဲ့ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ မင်းအောင်လှိုင်နဲ့ အပေါင်းပါတွေကို အပြစ်ပေး အရေးယူ ဆောင်ရွက်ရမယ်လို့ ဖော်ပြပါတယ်။

အဲဒီလို အပြစ်ပေး အရေးယူနိုင်ဖို့အတွက် တပ်မတော်သားတွေဟာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းပါတွေရဲ့ အမိန့်ကို နာခံတာ၊ ကူညီအားပေးတာမျိုးဟာ တပ်မတော်စစ်စည်းကမ်းဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဖော်ပြပါတယ်။

နိုင်ငံတော်နဲ့ပြည်သူအသက်အိုးအိမ်စည်းစိမ်ကိုစောင့်ရှောက်မယ့် တပ်မတော်သားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပူးပေါင်းပြီး နိုင်ငံတော်ပုန်ကန်မှုလုပ်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့အပေါင်းပါတွေကို ဥပဒေအရ အရေးယူနိုင်ဖို့လုပ်ဆောင်ရမယ်လို့ CDM ဗိုလ်ကြီး ညီသုတကပြောပါတယ်။ 

တိုင်းရင်းသားအားလုံးပါဝင်တဲ့ ဖက်ဒရယ်တပ်မတော်မှာ ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်သမ္မတအောက်မှာပဲ ရှိရမှာဖြစ်ပြီး အနာဂတ်တပ်မတော်ပုံစံအသစ်ဟာ ဖက်ဒရယ်တပ်မတော်ဖြစ်တာကြောင့် တိုင်းရင်းသားတွေကိုတန်ဖိုး ထားနေရာပေးပြီး သူတို့ကိုယ်တိုင် စစ်ဦးစီးချုပ်ဖြစ်ခွင့်ရှိတဲ့ တပ်မတော်တစ်ရပ်ဖြစ်ဖို့ လိုတယ်လို့ CDM ဗိုလ်ကြီး ညီသုတကပြောပါတယ်။ 

ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုတပ်မတော်တရပ် ပေါ်ပေါက်လာရေးအတွက် တပ်မတော်သားတွေအနေနဲ့ ပြည်သူလူထုနဲ့ အမြန်ဆုံးပူးပေါင်းသွားကြဖို့လည်း People’s Soldiers အဖွဲ့က တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းခဲ့တဲ့နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဆီကို ဗိုလ်ချုပ်ကြီးအဆင့်ရှိသူ ၂ ယောက်စေလွှတ်ပြီး ကျန်းမာရေးအကြောင်းပြကာ တာဝန်ကနုတ်ထွက်ဖို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

အခုလို နိုင်ငံတော်အာဏာကို ခြိမ်းခြောက်သိမ်းယူပြီး နိုင်ငံတော်ပုန်ကန်မှုပြုလုပ်ကာ ပြည်သူတွေကို မတရား သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အမျိုသားညီညွတ်ရေးအစိုးရက ICC တရားရုံးမှာ တရားစွဲတင်နိုင်ရေး လုပ်ဆောင်နေတယ်လို့ တရားရေးဝန်ကြီး ဦးသိန်းဦးက ဒီဗွီဘီသတင်းဌာနကိုပြောပါတယ်။  

လက်နက်အားကိုးပြီး အကြမ်းဖက်မှုတွေကိုကျူးလွန်ခဲ့စစ်တပ်ကို အမျိုးသားညီညွတ်ရေးအစိုးရက မတရားအသင်းကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013