DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးနှင့် ဆက်နွှယ်သည့် အမှုအားလုံး ရုပ်သိမ်းပေးရန် တင်ပြ
DVB
·
December 30, 2013
နိုင်ငံရေးနှင့် ဆက်နွှယ်သည့် အမှုအားလုံး ရုပ်သိမ်းပေးရန် တင်ပြ
Donate to DVB

နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး တရားစွဲခံထားရတဲ့ အမှုပေါင်း ၂၀၀ လောက်ကို အစိုးရက ရုပ်သိမ်းပေးဖို့ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီက သမ္မတရုံးကို တင်ပြထားတယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။

[caption id="attachment_49372" align="alignright" width="592"]ဒီဇင်ဘလ အတွင်း ပြန်လည်လွတ်မြောက်လာသော ကိုဒီငြိမ်းလင်း အား တွေ့မြင်ရစဉ် ဒီဇင်ဘလ အတွင်း ပြန်လည်လွတ်မြောက်လာသော ကိုဒီငြိမ်းလင်း အား တွေ့မြင်ရစဉ်[/caption]ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကိုချိုးဖောက်မှုနဲ့ နိုင်ငံတော် ဆူပူအုံကြွအောင် လုပ်ဆောင်မှု အပါအ၀င် တခြား နိုင်ငံရေးပုဒ်မတွေနဲ့ ဆက်နွှယ် အမှုရင်ဆိုင်နေရတဲ့ အမှုပေါင်း ၂၀၀ လောက်ကို ပလပ်ပေးဖို့ သမ္မတရုံး အတွင်းရေးမှူးနဲ့ ဆွေးနွေးစဉ်မှာ တင်ပြထားတယ်လို့ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီက ပြောပါတယ်။

ကော်မတီအနေနဲ့ ဒီအမှု ၂၀၀ အပြင် ထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၃၅ ဦးနဲ့ တိုင်းရင်းသား အဖွဲ့တွေက နိုင်ငံရေး အကျဉ်းသား အဖြစ် တင်ပြထားတဲ့ အကျဉ်းသား ၂၀ ကိုလည်း ပြန်လွှတ်ပေးနိုင်ဖို့ အစိုးရဆီ စိစစ်တင်ပြထားတာပါ။

နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင် ဦးရဲအောင်ကတော့ ဒီနှစ်ကုန် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို အစိုးရက ပြန်လွှတ်ပေးဖို့ မျှော်လင့်ထားတယ်လို့ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင် ဦးရဲအောင်က အခုလို ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့ဘက်က တုံ့ပြန်မှု ပေးထားတာကတော့ ဒီအပေါ်မှာ သူတို့အနေနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပါမယ်ပေါ့။ နိုင်ငံရေးအကျဉ်းသား လက်ကျန်မရှိအောင် ဖြစ်အောင်ဆောင်ရွက်ပါဆိုတဲ့ တုံ့ပြန်မှုကတော့ ကျနော်တို့ရထားပါတယ်။ ကျနော်တို့အနေနဲ့ ဒါကို စောင့်ကြည့်နေပါတယ်။ ဒီဇင်ဘာလ ကုန်ဖို့ မနက်ဖြန် ၁ ရက်ပဲ ကျန်တော့တယ်။ အခုထက်ထိ ဆောင်ရွက်မှု မတွေ့တော့ စောင့်ကြည့်နေပါတယ်။ သမ္မတက နိုင်ငံရေး အကျဉ်းသား လက်ကျန်မရှိအောင်ပြောပြီးတော့ နိုင်ငံတာကို ထုတ်ပြန်ကြေညာ ပြောဆိုထားတာ တွေက အလကား ဖြစ်မယ်။ နိုင်ငံရေးသမားတွေ ဆက်လက်ကျန်ရှိနေတယ်ဆိုတာကိုလည်း ကျနော်တို့က ထုတ်ဖော်ပြောဆိုသွားမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးလည်း အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။”

မြန်မာ သမ္မတ ဦးသိန်းစိန်ကတော့ ၂၀၁၃ ခုနှစ်ကုန်မှာ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား မရှိစေရဘူးလို့ ဥရောပ ခရီးစဉ် အတွင်းမှာ ပြောဆိုထားခဲ့ပါတယ်။

ဒီအတွက် နိုင်ငံတကာက လူ့အခွင့်အရေး အဖွဲ့တွေကလည်း အကျဉ်းသားတွေ အပါအ၀င် နိုင်ငံရေး ပုဒ်မတွေနဲ့ ဆက်နွယ်စွဲဆိုခံထားရတဲ့ သူတွေအားလုံးကို ကတိအတိုင်း ပြန်လွတ်ပေးဖို့ ဖိအားပေး တောင်းဆိုမှုတွေလည်း လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013