DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်ခရိုင်နယ်စပ်အနီး တရားမဝင် ဝင်လာသည့် မြန်မာ ၄၈ ဦးဖမ်းဆီးခံရ
DVB
·
October 13, 2021
ချင်းမိုင်ခရိုင်နယ်စပ်အနီး တရားမဝင် ဝင်လာသည့် မြန်မာ ၄၈ ဦးဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မြန်မာနယ်စပ် ဖှန်မြို့နယ်ထဲမှာ အောက်တိုဘာ ၁၃ ရက် ဒီကနေ့မနက်အစောပိုင်းက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၈ ဦး ဖမ်းဆီးခံရတယ်လို့ Maesaipress သတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းစစ်တပ် အမှတ် ၃ ခြေလျင်တပ်ဖွဲ့နဲ့ အမှတ် ၄ ရှေ့တန်းတပ်ဖွဲ့တို့ဟာ ဒီကနေ့ မနက်စောစောက ဖှန်မြို့နယ် မဲ့ငွန်းကျေးရွာအုပ်စုတွင်း လုံခြုံရေးလှည့်လည်စစ်ဆေးစဉ် ဘန့်လုံ ကျေးရွာ အစွန်ဘက်မှာ နယ်စပ်ကနေ ခြေကျင်လျှောက်ပြီး ဝင်ရောက်လာတဲ့ လူတစ်စုကို တွေ့ရှိခဲ့ တယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက လူယောင်ပြပြီး စစ်ဆေးမေးမြန်းရာမှာတော့ သူတို့ဟာ ရှမ်းပြည်နယ် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်နဲ့ တောင်ကြီးခရိုင်ဘက်ကဖြစ်ပြီး ထိုင်းမှာ အလုပ်လာလုပ်ဖို့ ဝင်ရောက်လာတာလို့ ဆိုပါတယ်။  သူတို့ထဲမှာ ၁၅ နှစ်မှ ၇၉ နှစ်အရွယ်လူကြီးနဲ့ အသက် ၁ နှစ်မှ ၅ နှစ်ကြားရှိ ကလေး ၁၂ ဦးတို့ ပါဝင်ပြီး ကျား ၁၆ ဦး မ ၂၀ ဦး စုစုပေါင်း ၄၈ ဦးရှိတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံထဲ တရားဝင် ဝင်ရောက်လာတဲ့ အထောက်အထားတစုံတရာမရှိတာကြောင့် လဝကဥပဒေနဲ့အရေးယူခံရမှာဖြစ်ပြီး ကနဦးအနေနဲ့တော့ ဒွိုင်အန်ခန်ဆေးရုံက ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ချိတ်ဆက်ကာ ကိုဗစ် - ၁၉ ရောဂါစစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါ ဖှန်မြို့နယ်နဲ့ ကပ်လျက် ချိုင်းပကန်းမြို့နယ်ထဲမှာလည်း ဒီမတိုင်ခင် ၉ ရက်နေ့ညက ဘန်ကောက်ကိုသွားမယ့် တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ၆ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

သူတို့ထဲမှာ အမျိုးသား ၁ ဦး အမျိုးသမီး ၅ ဦးပါဝင်ပြီး ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်က ဖြစ်ကြောင်း၊ ဖှန်မြို့နယ်ဘက်ကဝင်လာကာ ဘန်ကောက်မှာအလုပ်သွားလုပ်ဖို့ မြန်မာနိုင်ငံသား ပွဲစားကို တစ်ဦးလျှင် ဘတ် ၂၅၀၀၀ စီပေးရပြီး ချိုင်းပကန်းမြို့နယ် နောင်ပြေ့ကျေးရွာမှာ လာကြိုမယ့်ကားကို စောင့်ဆိုင်းစဉ် တာဝန်ရှိသူတွေရဲ့ ဖမ်းဆီးမှုကိုခံရတာလို့ မယ်ဆိုင်ပရက်စ်သ တင်းမှာ ဖော်ပြပါတယ် ။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းဘေးနဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပြည်သူတွေစားဝတ်နေရေးပိုမိုကျပ်တည်းလာပြီး ထွက်ပေါက်အနေနဲ့ အိမ်နီးချင်းနိုင်ငံမှာ အလုပ်လာလုပ်ရာမှာ ခုလိုဖမ်းဆီးမှုတွေ ခံနေရတာပါ။ 

အောက်တိုဘာ ၁၂ ရက်မနေ့ညကလည်း မဲဆောက်မှာ မြန်မာအလုပ်သမား ၂၉ ယောက် ဖမ်းဆီးခံရသလို အောက်တိုဘာ ၁၀ ရက်နေ့ကလည်း  မြန်မာဘက်ကနေတရားမဝင် ဝင်ရောက်လာပြီး ဘန်ကောက်ကို  အလုပ်သွားလုပ်မယ့် အလုပ်သမား ၃၇ ဦး တာ့ခ်ခရိုင် ဝမ်းကျောက်မြို့နယ်ထဲမှာ ဖမ်းဆီးခံရပါတယ်။ 

ထိုင်းလူမျိုးကားသမားက သူတို့ ၃၇ ဦးကို ကုန်ပစ္စည်းတွေတင်လာသလို အလုံပိတ်ကားနဲ့ တင်ဆောင်လာတာဖြစ်ကြောင်း   အသက်ရှုကြပ်ပြီး သေမသွားတာကံကောင်းတယ်လို့ တာဝန်ရှိသူ က သတင်းထောက်တွေကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013