DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်အုပ်စုဆီ သွေးစွန်းငွေဖြတ်တောက်ရေး ဖိအားပေးလက်မှတ်ရေးထိုးကြရန် ဖိတ်ခေါ်
DVB
·
October 13, 2021
အကြမ်းဖက်စစ်အုပ်စုဆီ သွေးစွန်းငွေဖြတ်တောက်ရေး ဖိအားပေးလက်မှတ်ရေးထိုးကြရန် ဖိတ်ခေါ်
1 / 3
Donate to DVB

ပြင်သစ်နဲ့ အမေရိကန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေအနေနဲ့ အကြမ်းဖက်စစ် အုပ်စုဆီ ငွေကြေးလွှဲပြောင်းမှုတွေ ဆက်မလုပ်ကြဖို့ ဖိအားပေးတောင်းဆိုရေးမှာ ပြည်သူတွေအနေနဲ့ လက်မှတ်ရေးထိုးပါဝင်နိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကနေ အကြမ်းဖက်စစ်ကောင်စီဟာ နှစ်စဉ်အမေရိ ကန်ဒေါ်လာ သန်းထောင်ချီရရှိနေပြီး အဓိကဝင်ငွေရလမ်းတခုဖြစ်နေတာမို့ ဒါကို ပိတ်ဆို့ အရေးယူနိုင်ဖို့ ဖိအားပေးသွားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေဖြစ်တဲ့ TotalEnergies  နဲ့ Chevron  တို့နဲ့အတူ အ မေရိကန်သမ္မတက တားဆီးပေးရေးအတွက်ပါ တောင်းဆိုမှုမှာတော့ မင်းအောင်လှိုင်နဲ့ သူရဲ့ အကြမ်းဖက်စစ်အုပ်စုထံကို ငွေကြေးလွှဲပြောင်းမှုဆက်မလုပ်ဖို့နဲ့ ဒီငွေတွေနဲ့ စစ်အုပ်စုကို လူသတ်လက်နက်တွေတပ်ဆင်ပေးနေတာတွေရပ်တန့်ဖို့ ပြည်သူလူထုအားလုံး တောင်းဆိုဖိအားပေးကြဖို့အတွက် လက်မှတ်ထိုးကြဖို့ အားလုံးကို ဖိတ်ခေါ်ထားတာ ဖြစ် ပါတယ်။

လက်မှတ်ရေးထိုးပါဝင်နိုင်မယ့် လင့်ခ် ၃ ခုကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။

ပြင်သစ် TotalEnergies  ကုမ္ပဏီရဲ့ ငွေတွေနဲ့ စစ်အုပ်စုကို လူသတ်လက်နက်တွေ တပ် ဆင်ပေးနေတာတွေရပ်တန့်ဖို့ ပြည်သူလူထုအားလုံးတောင်းဆိုဖိအားပေးကြဖို့အတွက် ဒီ Petition မှာ လက်မှတ်ထိုးကြဖို့အားလုံးကို ဖိတ်ခေါ်ပါတယ်။

https://actionnetwork.org/petitions/total-stop-being-an-accessory-to-min-aung-hlaing-the-myanmar-militarys-murder-campaign?fbclid=IwAR1froV5i7rBA3lSxURNXjQapkAUNO1Ll4Pp5fOtO9R8LSkR9c7Mb9lkkDY

အမေရိကန် ရေနံနှင့်သဘာဝဓာတ်​ငွေ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ Chevron  ကိုစစ်အုပ်စုထံ ပိုက်ဆံဆက်မပေးဖို့ ဖိအားပေးတောင်းဆိုရန် လက်မှတ်ထိုးပါ။

https://actionnetwork.org/petitions/demand-chevron-stop-bankrolling-the-myanmar-military?fbclid=IwAR2BBNWNMvyrw7N2oFR-5EiPIPG-6lt4sZV3AXqcuJKTy6yeQ9Oc8E7MVfc

မြန်မာစစ်အုပ်စုထံသို့ ရေနံနှင့်ဓာတ်ငွေ့ကုမ္ပဏီများ ငွေကြေးလွှဲပြောင်းမှု အမေရိကန် သမ္မတက တားဆီးပေးရေး တောင်းဆိုရန် လက်မှတ်ထိုးပါ။

https://actionnetwork.org/petitions/president-biden-stop-oil-companies-from-bankrolling-the-myanmar-military?fbclid=IwAR1n28gNhK4mlKTN5-VFshmZeuMb0CjDHRr5vlqFVvjkJ0OhC4JnH1PeIIY
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013