DVB Logo
Home
မြန်မာသတင်း
တရက်တည်း စစ်အုပ်စု၏ ပစ်မှတ် ၄၁ ခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၄၀ ခန့်သေဆုံး
DVB
·
October 13, 2021
တရက်တည်း စစ်အုပ်စု၏ ပစ်မှတ် ၄၁ ခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၄၀ ခန့်သေဆုံး
Donate to DVB

မြန်မာနိုင်ငံဒေသတချို့မှာ အောက်တိုဘာ ၁၂  ရက်က စစ်အုပ်စုရဲ့ ပစ်မှတ်  ၄၀ ကျော်ကို  ဒေသခံ PDF တပ်တွေနဲ့ တိုင်းရင်းသားတပ်တွေက  တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က  အယောက် ၄၀  သေဆုံးသွားတယ်လို့ NUG ရဲ့ ဒီနေ့ထုတ်ပြန်တဲ့  ပြည်သူ့ခုခံစစ် အချက်အလက်တွေအရ သိရပါတယ်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းက ရန်သူ့စစ်ရေးပစ်မှတ် ၁၈ နေရာ၊ အုပ်ချုပ်ရေးပစ်မှတ် နေရာ ၂၀ နဲ့ စီးပွားရေးပစ်မှတ်  ၃ နေရာ စုစုပေါင်း  နေရာ ၄၁ နေရာ ကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက် စစ်သား၊ ရဲနဲ့ စစ်ကျွန်နောက်လိုက် စုစုပေါင်း အယောက် ၄၀  သေဆုံးပြီး မိုင်းဆွဲ တိုက်ခိုက်မှုတွေမှာလည်း စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကာ  တကယ့် မြေပြင် သတင်းအချက်အလက်တွေက ဒီထက်ပိုများနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် စတင် ဆင်နွှဲကြောင်း စက်တင်ဘာ ၇ ရက်မှာ NUG က ကြေညာထားပါတယ်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း ရန်ကုန်နဲ့ မန္တလေးအပါအဝင် နယ်မြို့ တချို့မှာ ဆက်ရှိနေသလို ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေလည်း နိုင်ငံအနှံ့မှာ တိုက်ပွဲတွေဖြစ်နေပါတယ်။

အာဏာသိမ်းစစ်တပ်တွေကလည်း  ပြည်သူတွေကို  အကြမ်းဖက် ပစ်သတ် ဖမ်းဆီးမှုတွေ ရွာတွေကို မီးရှို့တာတွေဆက်လုပ်နေပြီး အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းမှာ အပြင်းအထန် စစ်ဆင်ရေး လုပ်နေပါတယ်။   

Photo- NUG

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013