DVB Logo
Home
မြန်မာသတင်း
ABIA နှင့် God's Army တို့ ပူးပေါင်းတိုက်ပွဲဝင်ရန် ကတိသစ္စာပြု
DVB
·
October 13, 2021
ABIA နှင့် God's Army တို့ ပူးပေါင်းတိုက်ပွဲဝင်ရန် ကတိသစ္စာပြု
1 / 8
Donate to DVB

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့  ဗမာ့တိုင်းများလွတ်မြောက်ရေးတပ်မတော် (ABIA)နဲ့ ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့  God's Army  တို့ ပူးပေါင်း တိုက်ပွဲဝင်ဖို့ သဘောတူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

God's Army ပဲ့ကိုင်ရှင် လူသာထူးနဲ့ ကရင်ရဲဘော် ၄၀၀ ကျော် တို့ရဲ့ ကတိသစ္စာပြု လက်မှတ်ထိုးခြင်းနဲ့ သစ္စာရေသောက်ပွဲကို အောက်တိုဘာ ၁၃ ရက် ဒီနေ့မှာ ပြုလုပ် ပြီးစီးသွားတယ်လို့ ABIA စစ်ဦးစီးချုပ် ကိုအောင်အောင်ကျော်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးပါတယ်။ 

“ကရင်-ဗမာ ချစ်ကြည်ရေး ပိုမိုခိုင်မြဲဖို့ သက်သေ..၊ God's Army ရဲ့ပဲ့ကိုင်ရှင်တွေဖြစ်တဲ့ အမွှာညီအကို စောလူသာထူးနဲ့ စောဂျော်နီတို့နှစ်ဦးဟာ ဒီကနေ့ပဲ ABIA ဌာချုပ်မှာ လာရောက်ပူး ပေါင်းလိုက်ကြပြီ ဖြစ်ပါတယ်။ ကျနော်တို့ အလုပ်နဲ့သက်သေပြခွင့် ခိုင်ခိုင်မာမာ ရလိုက်ပြီလို့ ဆိုချင်ပါတယ်။"

ABIA အဖွဲ့အစည်းက ပြည်သူတွေအတွက် ရပ်တည်မယ်လို့ ယုံကြည်တဲ့အတွက်အတွက် ခုလိုပူးပေါင်းလိုက်တာ ဖြစ်တဲ့အကြောင်းနဲ့ ပြည်သူတွေအတွက် ကာကွယ်ပေးဖို့ လက်နက်ပြန်ကိုင်ရတာဖြစ်တယ်လို့ ကိုလူသာထူးက ဒီဗွီဘီကို ပြောပါတယ်။

"လွတ်လပ်ရေးရတဲ့အထိ ကိုယ်ပိုင်အခွင့်အရေး၊ တန်းတူညီတူ အခွင့်အရေးရတဲ့အထိ လက်နက်ကိုင်မယ်။ လွတ်လပ်ရေးရရင်တော့ ဒီလက်နက်တွေကို ဖျက်ဆီးဖို့ပဲရှိတာပေါ့နော်။”

၁၉၉၇ ခုနှစ်ကနေ ၂၀ဝ၀ ပြည့်နှစ်အကြားကာလတွေမှာ  ဘုရားသခင်တပ်မတော် God's Army နဲ့ စစ်အစိုးရတပ်တွေအကြားတိုက်ပွဲတွေမှာ ထူးထူးခြားခြားအောင်ပွဲများရရှိခဲ့ပြီးနောက် God's Army အဖွဲ့နဲ့အတူ  ထိုစဉ်က အသက် ၈ နှစ်လောက်သာရှိသေးတဲ့  အမွှာညီအစ်ကို ဂျော်နီထူးနဲ့ လူသာထူးတို့လည်း လူသိများလာခဲ့ပါတယ်။ 

၁၉၉၉  အောက်တိုဘာလ ဘန်ကောက်သံရုံးစီးနင်းမှုနဲ့  ရတ်ချပူရီဆေးရုံ စီးနင်းမှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးလည်း  God's Army အဖွဲ့နဲ့    စွမ်းအားမြှင့်ကျောင်းသားစစ်သည်များ (VBSW) တို့ ဟာ ကမ္ဘာ့မီဒီယာတွေမှာ ဖော်ပြခံခဲ့ရပါတယ်။ 

ဒီနောက် God Army တပ်မှူး  ဂျော်နီနဲ့ လူသာထူး အပါအ၀င် တပ်ဖွဲ့၀င် တဒါဇင်လောက် ထိုင်းစစ်တပ်ဆီမှာ လက်နက်ချခဲ့ကြပြီးနောက် သူတို့ရဲ့သတင်းတွေ ကာလအတန်ကြာ ပျောက်ကွယ် သွားတာဖြစ်ပါတယ်။ 

Photo Credit- Aung Aung Kyaw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013