DVB Logo
Home
မြန်မာသတင်း
အကယ်ဒမီရွှေ တကျပ်သားတန်ဖိုး ကျပ် ၁၈ သိန်းကျော်အထိ ပြန်ကျလာ
DVB
·
October 12, 2021
အကယ်ဒမီရွှေ တကျပ်သားတန်ဖိုး ကျပ် ၁၈ သိန်းကျော်အထိ ပြန်ကျလာ
Donate to DVB

ပြည်တွင်းရွှေစျေးကွက်မှာ အောက်တိုဘာ ၁၂ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ ထုတ်ပြန်ချက်အရ အကယ်ဒမီရွှေ တကျပ်သားတန်ဖိုးက ကျပ် ၁၈ သိန်း ၁သောင်း ၆ ထောင်အထိ ပြန်ဆင်းလာပါတယ်။

ကမ္ဘာ့ရွှေစျေးကတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၁၇၅၇ ဒေါ်လာရှိပါတယ်။ ပြည်တွင်းရွှေစျေးကွက်မှာ အကယ်ဒမီရွှေ တကျပ်သားတန်ဖိုးက ကျပ် ၁၇ သိန်းခွဲလောက်အထိ ပြန်ကျလာဖို့ အလားအလာရှိနေတယ်လို့ စျေးကွက်သုတေသီတွေက ခန့်မှန်းထားပါတယ်။

စျေးကွက်သုတေသီတဦးက “ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ရွှေတွေကို တနေ့ ပိဿာချိန် ၂၀ ထုတ်ရောင်းပေးတယ်လေ။ လူတွေက ဝယ်လို့ရနေပြီဆိုရင် သူသူ၊ ငါငါ ပေါ့။ မဝယ်ချင်ကြတော့ဘူး၊ ဆိုတော့ စျေးကွက်မှာ ဝယ်လိုအားက ကျဆင်းလာတာကြောင့် ရွှေစျေးကလည်း ကျတယ်။ ဒုတိယတချက်က ဗဟိုဘဏ်က ဒေါ်လာစျေးတွေ ကျလာအောင် သူတို့လုပ်နေတာလည်းပါတယ်။ ဒါကြောင့် ဒေါ်လာစျေးက ဒီကနေ့ ဆိုရင် ကျပ် ၂၀၀၀ အောက်ပဲ ရှိတယ်။ ဒေါ်လာစျေးကျလာပြီဆိုရင် ရွှေစျေးက သူ့အလိုလို အလိုက်သင့်ကျလာတာပဲလေ။ ကျနော့်အမြင်ကတော့ ရွှေစျေးက ၁၇သိန်း၅သောင်းလောက်အထိ ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားတယ်” လို့ပြောပါတယ်။

ရွှေလုပ်ငန်းရှင်တဦးကတော့ “ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းအနေနဲ့ သူတို့ရောင်းချပေးနေတဲ့ ရွှေတွေကို  ဝယ်သူရှိနေသမျှ ဆက်ပြီးရောင်းချပေးမှာလို့ ကျနော်တို့ သိရပါတယ်။ ဒါပေမဲ့ လူတွေက ဝယ်လို့ရနေပြီဆိုရင် သိပ်ပြီးတော့ ဝယ်ချင်တဲ့ စိတ်ဆန္ဒမရှိပါဘူး။ ဒါကြောင့်ပဲ ရွှေစျေးက အခုဆိုရင် ပြန်ကျလာပြီလေ။ ဒါပေမဲ့  အရင်ဖြစ်ခဲ့တဲ့ ၁၃ သိန်း၊ ၁၅သိန်း စျေးပြန်ဖြစ်ဖို့တော့ မျှော်လင့်လို့မရဘူးပေါ့နော်။ ဘာပဲပြောပြော သိန်း ၂၀ အကျော်နဲ့ စျေးအမြင့်မှာ ဝယ်ထားမိတဲ့သူတွေကတော့ ဒီအချိန်မှာ စျေးနာနေကြပြီ” လို့ဆိုပါတယ်။

စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အကယ်ဒမီရွှေ တကျပ်သားတန်ဖိုးက  ကျပ် ၁၃ သိန်းစွန်းစွန်းသာရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးကြောင့် လူထုက စစ်ကောင်စီ အပေါ် အယုံအကြည်မရှိတဲ့အတွက် မိမိပိုင်ငွေကြေးကို ရွှေနဲ့အစားထိုးဝယ်ယူလာပြီး ရွှေတန်ဖိုးကလည်း တကျပ်သားကို ကျပ် ၂၃ သိန်းအထိ စံချိန်တင်အမြင့်ဆုံးရှိခဲ့ပါတယ်။

နိုင်ငံခြားငွေကြေးရောင်းဝယ်ခွင့်လုပ်ငန်း လိုင်စင်ရရှိထားတဲ့ ငွေလဲကောင်တာတွေမှာတော့ ဒီကနေ့ အောက်တိုဘာ ၁၂ရက် အမေရိကန် တဒေါ်လာတန်ဖိုးက ဝယ်စျေး ၁၉၇၅ ကျပ်နဲ့ ရောင်းစျေး ၂၀၅၀ ကျပ် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013