DVB Logo
Home
မြန်မာသတင်း
ဖာပွန်ခရိုင်တွင် ခမရ ၄၀၅ က ရွာသားများကို စစ်တလင်းတွင်းခေါ်ဆောင်၊ အမျိုးသမီးတဦး ဒဏ်ရာရ
DVB
·
October 12, 2021
ဖာပွန်ခရိုင်တွင် ခမရ ၄၀၅ က ရွာသားများကို စစ်တလင်းတွင်းခေါ်ဆောင်၊ အမျိုးသမီးတဦး ဒဏ်ရာရ
Donate to DVB

ကရင်ပြည်နယ် မူတြော်(ဖာပွန်) ခရိုင်အတွင်း  ခမရ ၄၀၅ က ဝေါ်လီလေး ရွာသူရွာသား ၆ ဦးကို စစ်တလင်းအတွင်း ရိက္ခာပစ္စည်းထမ်းခိုင်းဖို့နဲ့ လမ်းပြဖို့ ခိုင်းစေအသုံးပြုခဲ့ပြီး တိုက်ပွဲ ဖြစ်ပေါ်နေချိန် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးအသားအစည်းအရုံး (ကေအန်ယူ)က သတင်းထုတ်ပြန်ပါတယ်။

မူတြောခရိုင်  ဒွယ်လိုမြို့နယ်အတွင်း အော်တိုဘာ  ၅ ရက်နေ့က ခမရ ၄၀၅ ကနေ ဝေါ်ဝီလေး ကျေးရွာက အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၂ ဦးတို့ကို ရိက္ခာပစ္စည်းတွေကို ထမ်းခိုင်းဖို့နဲ့ လမ်းပြဖို့ ခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။

ဒီလိုရွာသားတွေကို စစ်တလင်းအတွက် အသုံးပြုတာဖြစ်ပြီး တိုက်ပွဲဖြစ်ပေါ်နေချိန်မှာ အသက် ၆၀ အရွယ် နော်မာ့အေးဆိုသူ အမျိူးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ကလည်း နယ်ခြားစောင့်တပ် တပ်ရင်း (BGF-1014) တပ်ရင်းမှူး မောင်ချစ်ရဲ့ ဖောထီးခူးစခန်းရှိ နယ်ခြားစောင့်တပ်သားတွေဟာ ကမမောင်းကို မီးဖွားဖို့ စက်လှေနဲ့လိုက်ပါသွားတဲ့ ကိုယ်ဝန်သည်အမျိုးသမီး နော်မူဆိတို့ရဲ့ စက်လှေကို လက်နက်ငယ်နဲ့ အချက် ၃၀ လောက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက် နယ်ခြားစောင့်တပ်က ဒေသခံလူငယ်တွေကို မူးယစ်ဆေးဝါးနဲ့ မြူဆွယ်ဖျားယောင်းတာ၊ စစ်ကောင်စီတပ်အချို့ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေရဲ့ လယ်ယာတွေ ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့လည်း ကေအန်ယူရဲ့ သတင်းနဲ့ ပြန်ကြားရေး စာမျက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့အတွက် မိဘ ပြည်သူတွေရဲ့  အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်ခံနေရမှုတွေကို ကာကွယ်စောင့်ရှောက်ဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA‌) နဲ့ ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ တာဝန်ယူဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ပေါ်နေတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013