DVB Logo
Home
မြန်မာသတင်း
BAT စီးကရက်ကုမ္ပဏီ မြန်မာပြည်လုပ်ငန်းများ ရပ်ဆိုင်း
DVB
·
October 12, 2021
BAT စီးကရက်ကုမ္ပဏီ မြန်မာပြည်လုပ်ငန်းများ ရပ်ဆိုင်း
Donate to DVB

နာမည်ကြီး စီးကရက်တွေ ထုတ်လုပ်နေတဲ့ BAT Myanmar ကုမ္ပဏီဟာ မြန်မာနိုင်ငံက သူ့ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

Kent၊ London နဲ့  Lucky Strike စီးကရက်တွေထုတ်လုပ်ဖြန့်ဖြူးတဲ့ British American Tobacco ကုမ္ပဏီဟာ အောက်တိုဘာ ၆ ရက်ကပဲ ကုန်ထုတ်လုပ်မှု၊ အရောင်းနဲ့ ဖြန့်ဖြူးရေးလုပ်ငန်းအားလုံးကို ရပ်စဲလိုက်ပြီလို့ မိတ်ဖက် ကုန်သည်တွေဆီ ပို့တဲ့ စာမှာ ဖော်ပြထားပါတယ်။

ဘာကြောင့်ဆိုတာ ဖော်ပြမထားပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ တခုပြီးတခု နိုင်ငံထဲက ထွက်ခွာနေတာပါ။

သူ့ကုမ္ပဏီဆီက ငွေကြေးရဖို့ရှိတဲ့သူတွေအနေနဲ့လည်း အောက်တိုဘာ ၂၀ ရက် နောက်ဆုံးထားပြီး ငွေတောင်းခံလွှာတွေ ပို့ပေးဖို့ လုပ်ငန်းရှင်တွေဆီကို အကြောင်းကြားထားပါတယ်။

BAT Myanmar ဟာ ၂၀၁၃ ခုနှစ်လယ်ပိုင်းလောက်က မြန်မာနိုင်ငံမှာ စတင်ပြီး လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တာပါ။

ဒါ့အပြင် British American Tobacco ဟာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ပြီး စီးကရက်တချို့ ထုတ်လုပ်နေတဲ့ Rothmans of Pall Mall Myanmar ရဲ့ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

British American Tobacco ကုမ္ပဏီကို ၁၉၀၂ ခုနှစ်က အင်္ဂလန်မှာ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း ၂၀၀ ကျော်မှာ စီးကရက်တံဆိပ်ပေါင်း ၂၀၀ ကျော်ထုတ်လုပ်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013