DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပစ်သတ်မှုကြောင့် ရွှေဘိုသပိတ်ခေါင်းဆောင်အပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၆၄ ဦးရှိလာ
DVB
·
October 12, 2021
စစ်တပ်ပစ်သတ်မှုကြောင့် ရွှေဘိုသပိတ်ခေါင်းဆောင်အပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၆၄ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၈ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၁၆၄ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၈၆၇ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၁၉၆ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၄၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၈၉ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့မနက် ၂ နာရီလောက်က မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ နယ်၊ ကံသာကြီးကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်တွေ ဖြစ်ကြတဲ့ ကိုဝင်းထက်ကျော်(ခ)ကိုထက်၊ ကိုစိုးလွင်ဦးနဲ့ ကိုသန်းလွင်မြင့်တို့ကို အကြမ်း ဖက်စစ်အုပ်စုတပ်က ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် ကိုဝင်းထက်ကျော်မှာ ကျဆုံးသွားခဲ့ပြီး  ကျန် ၂ ယောက်ကတော့ ဒဏ်ရာရရှိခဲ့ပြီး ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကြောင်း သိရှိရပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ကတော့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေး ရွာမှာ ရိက္ခာယူဖို့ ပြန်လာတဲ့ စစ်ဘေးရှောင် ညီအစ်ကို ၂ ယောက် ဖြစ်ကြတဲ့ ဦးကျော် ဟိန်းနဲ့ ကိုဒေါမိနစ်တို့ကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပစ်သတ်ခဲ့တာ ကြောင့် ဦးကျော်ဟိန်းမှာ ကျဆုံးသွားခဲ့ပြီး ကိုဒေါမိနစ်မှာ ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တည်ပင်ကျေးရွာအုပ်စု၊ သန်းတောကျေးရွာမှာ လည်း အောက်တိုဘာ ၉ ရက်နေ့လယ်ပိုင်းက ကျေးရွာ စစ်အာဏာရှင်ဆန့်ကျင်ရေးသ ပိတ်စစ်ကြောင်းကို ဦးဆောင်နေသူ တယောက်ဖြစ်တဲ့ ကိုသိန်းဇော်နဲ့ ရွာသား ၂ ယောက် ကို အကြမ်းဖက်စစ်အုပ်စုက အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးခဲ့ပြီး ရိုက်နှက် စစ်ဆေးခဲ့ပြီးနောက် လက်ထိတ်ခတ်ပြီး ဆိုင်ကယ်နဲ့တင်ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိ ရပါတယ်။ လမ်းမှာဆိုင်ကယ်ဆောင့်တဲ့အတွက် ဆိုင်ကယ်ပေါ်က ပြုတ်ကျသွားတဲ့ ကိုသိန်းဇော်ကို ထွက်ပြေးတယ်လို့ဆိုကာ ပစ်သတ်သွားခဲ့ကြောင်း သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013