DVB Logo
Home
မြန်မာသတင်း
လာမည့် ၆ လ အတွင်း ကုန်သွယ်ရေးကဏ္ဍ ၄ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ရန် စစ်ကောင်စီ မျှော်မှန်း
DVB
·
October 11, 2021
လာမည့် ၆ လ အတွင်း ကုန်သွယ်ရေးကဏ္ဍ ၄ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ရန် စစ်ကောင်စီ မျှော်မှန်း
Donate to DVB

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှု ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပေမဲ့ စစ်ကောင်စီကတော့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လ ဘတ်ဂျတ်ကာလအတွင်းမှာ ၄ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ဖို့ ရည်မှန်းထားပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာကနေ ၂၀၂၂ ခုနှစ် မတ်လအတွင်း စစ်ကောင်စီက ပြည်ပပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဒသမ ၂ ဘီလီယံ၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံ လျာထားပြီး  ကုန်သွယ်ရေးကဏ္ဍမှာ  ၄ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ဖို့ ရည်မှန်းထားတာပါ။

လတ်တလော မြန်မာ့နိုင်ငံရဲ့ကုန်သွယ်ရေးကဏ္ဍမှာတော့ နိုင်ငံရေးမတည်ငြိမ်မှု၊ ကိုဗစ်ကပ်ရောဂါ ဖြစ်ပေါ်မှုတွေကြောင့် ပုံမှန်ကုန်သွယ်ရေး၊ နယ်စပ်ကုန်သွယ်ရေး နှစ်ခုစလုံးမှာ ကုန်သွယ်မှုတွေ လျော့နည်း ကျဆင်းနေပါတယ်။

စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကုန်သွယ်မှုဆိုင်ရာစာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၁၂ လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၉ ဘီလီယံကျော်၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆ ဘီလီယံကျော်နဲ့ ကုန်သွယ်မှုပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၉ ဒသမ ၆ ဘီလီယံကျော်သာရရှိခဲ့ပါတယ်။ 

ဒီပမာဏဟာ ယခင် အန်အယ်လ်ဒီအစိုးရလက်ထက်ကကုန်သွယ်မှု ပမာဏနဲ့ယှဉ်ရင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံကျော် ရာခိုင်နှုန်းအနေနဲ့ ၁၉ ရာခိုင်နှုန်းကျော် လျော့ကျခဲ့တာ ဖြစ်ပါတယ်။

နယ်စပ်ကုန်သွယ်ရေးဂိတ်အားလုံးရဲ့ ထက်ဝက်ကျော်မှာ ကုန်သွယ်ရေးကျဆင်းနေတာတွေ့ရပြီး၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာလည်း အရင် အရပ်သားအစိုးရလက်ထက် ကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံကျော် လျော့ကျခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးကဏ္ဍကလည်း လတ်တလောမှာ လုံးဝရပ်တန့်နေပါတယ်။

မြန်မာနိုင်ငံဟာ နှစ်စဉ်နိုင်ငံပေါင်း ၂၀၀ ကျော်နဲ့ ကုန်သွယ်မှု ဆောင်ရွက်နေတာဖြစ်ပြီး၊ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယနိုင်ငံတို့နဲ့ အများဆုံးကုန်သွယ်နေတာဖြစ်ပါတယ်။

နှစ်စဉ်ပျဉ်းမျှ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံကျော် ကုန်သွယ်မှုရှိပြီး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၃၃ ဘီလီယံကျော်၊ ၂၀၁၈ ခုနှစ် နှစ်ဝက်ဘတ်ဂျတ်မှာ  ကန်ဒေါ်လာ ၁၈ ဒသမ ၇ ဘီလီယံကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၃၅ ဘီလီယံကျော်နဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၃၆ ဒသမ ၇ ဘီလီယံကျော်ထိ ကုန်သွယ်မှုပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013