DVB Logo
Home
မြန်မာသတင်း
မလေးရောက် အလုပ်သမား ၉၇ ဦး မြန်မာပြည်ပြန်ခွင့်ရရေး အလုပ်ရှင်နဲ့ ဆွေးနွေးမယ်
DVB
·
December 29, 2013
မလေးရောက် အလုပ်သမား ၉၇ ဦး မြန်မာပြည်ပြန်ခွင့်ရရေး အလုပ်ရှင်နဲ့ ဆွေးနွေးမယ်
Donate to DVB

မလေးရှားနိုင်ငံ ဆာဗားပြည်နယ်က ဂိုထောင်ထဲမှာ ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၉၇ ယောက်ကိစ္စကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ကိုယ်စားလှယ် အပါအ၀င် ကုမ္ပဏီပိုင်ရှင်နဲ့ အလုပ်သမားတွေ မြန်မာပြည် ပြန်ခွင့်ရရေးကို လာမယ့် ဒီဇင်ဘာ ၃၀ ရက်နေ့ မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Malay Migrantမြန်မာသံရုံးဘက်က လိုက်လံကူညီဆောက်ရွက်ပေးနေတဲ့ အခြေအနေကို မလေးရှားနိုင်ငံ မြန်မာသံရုံးအလုပ်သမား ကိုယ်စားလှယ် ဦးစိုးဝင်းက အခုလိုပြောပါတယ်။

“လောလောဆယ်တော့ သူတို့က ပြန်ချင်တယ်ပဲ ပြောတယ်။ ကျနော်တို့လည်း အဲဒီမှာပဲ ရှိနေပြီး အားပေးပြောဆိုပါတယ်။ သူတို့ ပြန်ဖို့ မပြန်ဖို့က အလုပ်ရှင်ဘက်ကလည်း စာချုပ်တွေရှိတဲ့အတွက် ခွင့်ပြု မပြုကို တနင်္လာနေ့ကြမှ ညှိနှိုင်းရမယ်။”

အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ပြန်ချင်ဖြစ်တယ်လို့ အလုပ်သမားတဦးဖြစ်တဲ့ ကိုနော်နော်က “ဘာဖြစ်လို့ ပြန်ချင်တာလဲဆိုတော့ အသက်အန္တရာယ်ကြောင့်လည်း ပါပါတယ်။ နောက်တကြိမ် ဒါမျိုးမဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။ နောက်တကြိမ် ဖြစ်ခဲ့သည်ရှိသော် ကျနော်တို့ရဲ့အသက်က ပြောလို့မရဘူးလေ အဲဒါကြောင့် ပြန်ချင်တာပါ”လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့က မြန်မာအလုပ်သမား ၂ ဦးနဲ့ အင်ဒိုနီးရှားအလုပ်သမား ၂ ဦးတို့ အချင်းများရာကနေ အင်ဒိုနီးရှားအလုပ်သမား ၃၀၀ ကျော်က အသုံးအဆောင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးပြီး ရန်ပြု တိုက်ခိုက်မှုကြောင့် ဂိုထောင်တခုမှာ ပုန်းအောင်းနေကြရတာပါ။

မြန်မာအလုပ်သမား ၉၇ ဦးက သူတို့ရဲ့ အသက်အန္တရာယ် စိုးရိမ်နေကြရတာကြောင့် မြန်မာပြည်ကို ပြန်ချင်နေကြပြီး ကုမ္ပဏီပိုင် ဂိုထောင်တခုတွင် စုစည်းနေထိုင် စားသောက်နေ ကြရကြောင်း သိရပါတယ်။

မလေးရှားမှာ တရားဝင် အလုပ်သမား ၃ သိန်းနဲ့ တရားမဝင်အလုပ်သမား ၄ သောင်းလောက်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013