DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့နှင့်စစ်ကိုင်းမြို့နယ်တို့တွင် ဒေသခံ PDF တပ်ဖွဲ့များက ဗုံးအလုံး ၂၀ ခန့် ဖောက်ခွဲ
DVB
·
October 10, 2021
ရွှေဘိုမြို့နှင့်စစ်ကိုင်းမြို့နယ်တို့တွင် ဒေသခံ PDF တပ်ဖွဲ့များက ဗုံးအလုံး ၂၀ ခန့် ဖောက်ခွဲ
Donate to DVB

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နဲ့ စစ်ကိုင်းမြို့နယ်တွေမှာ ဒေသခံ PDF တွေက ဒီနေ့မနက်နဲ့ မနေ့ညနေပိုင်းမှာ ဗုံး အလုံး ၂၀ လောက် ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မရဲစခန်းကို အောက်တိုဘာ ၁၀ ရက် မနက် ၈ နာရီလောက်က ဗုံး ၁၀ လုံး ပစ်ဖောက်ခဲ့တယ်လို့ PDF-SHWEBO က ကြေညာထားပါတယ်။

“လာမဝိုင်းနဲ့သေတတ်သည်” ဆိုတဲ့ သတိပေးစာတမ်းချိတ်ဆွဲထားတဲ့အပြင် လင့်စင်နဲ့ သဲအိပ်ကတုတ်တွေ ထားထားတဲ့ မြို့မရဲစခန်းကို PDF-SHWEBO ရဲဘော်တွေက တောင်ဘက် မြောက်ဘက် ဝိုင်းညှပ်ပြီး ဗုံး ၁၀ လုံး ပစ်သွင်း‌ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

ဗုံးဖောက်ခွဲပြီးနောက် တော်လှန်ရေးရဲဘော်တွေ အန္တရာယ်ကင်ရှင်း အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အနီရောင်နယ်မြေအတွင်းမှာ လှုပ်ရှားဆောင်ရွက်ရတဲ့အတွက် စစ်ကောင်စီဘက်က ဘယ်လောက်ကျဆုံးတယ်ဆိုတာ မသိရဘူးလို့လည်း ဆိုပါတယ်။

ရဲစခန်းထဲ သေနတ်ပစ်ဖောက်သံတွေကြားပြီး လူနာတင်ယာဉ်တွေဝင်သွားတာ မြင်တယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

PDF-SHWEBO အနေနဲ့ အောက်တိုဘာ ၆ ရက်ကလည်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးနဲ့ ကညနရုံးတို့ကို မိုင်းခွဲသတိပေးတာတွေ လုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာလည်း အောက်တိုဘာ ၉ ရက် ညနေ ၄ နာရီလောက်က စတင်ပြီး အစိုးရရုံးဌာနပေါင်းစုံအနီးမှာ ဗုံး ၉ လုံးထက်မနည်း ဖောက်ခွဲခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ထောက်ခံအားပေးနေတဲ့ အစိုးရအဖွဲ့ ရုံးစိုက်ရာဌာနတွေမှာ အဓိကလုပ်ဆောင်ခဲ့တာလို့ စစ်ကိုင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“ဖောက်ခွဲခဲ့တဲ့ နေရာတွေကတော့ မနက် ၄ နာရီ ၃၅ မိနစ်က ရဲတပ်ရင်းအမှတ် ၁၆ မှာ ဗုံးတစ်လုံးကွဲတယ်။ ည ၇ နာရီ ၁၀ မိနစ်က မြို့နယ်စည်ပင်ရုံးနဲ့ မြို့နယ်တရားရုံးမှာ ဗုံးတစ်လုံးစီ ကွဲတယ်။ ည ၇ နာရီ မိနစ် ၂၀ မှာ ရတနာပုံတံတားစစ်ဆေးရေးဂိတ်နဲ့ Non-CDM တွေရဲ့ အိုးအိမ်တိုက်တန်းမှာ ဗုံးတစ်လုံးစီ ကွဲတယ်။ ည ၇ နာရီ ၁၀ မိနစ်က မြို့မရဲစခန်းအမှတ် ၂၊ ပဒူတိုက်နယ် ရဲကင်းစခန်းနဲ့ မင်းကွန်းတိုက်နယ်ရဲစခန်းမှာ ဗုံးတစ်လုံးစီ ကွဲတယ်။ ည ၇ နာရီ ၁၅ မိနစ်မှာ မြို့နယ်ထွေအုပ်ရုံး ဗုံးတစ်လုံး ခွဲခဲ့တယ်ပေါ့ဗျာ။”

အဲဒီဖောက်ခွဲစစ်ဆင်ရေးကို အင်္သခယာစစ်ဆင်ရေးဆိုပြီး စစ်ကိုင်းမြို့နယ်အတွင်းက PDF တပ်ရင်းတွေ၊ LPDF အစုအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ 

စစ်ကိုင်းမြို့နယ်အတွင်း တနေ့တည်းနဲ့ ဗုံး ၉ လုံး ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီဘက်က လုံခြုံရေး တင်းကျပ်နေတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013