DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းတွင် အကွက်မှူးတစ်ဦးနေအိမ် ဗုံးပစ်ခံရပြီး ပျူစောထီးအဖွဲ့ဝင်တစ်ဦး အသတ်ခံရ
DVB
·
October 10, 2021
မန္တလေးတိုင်းတွင် အကွက်မှူးတစ်ဦးနေအိမ် ဗုံးပစ်ခံရပြီး ပျူစောထီးအဖွဲ့ဝင်တစ်ဦး အသတ်ခံရ
Donate to DVB

မန္တလေးတိုင်း၊ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် အကွက်မှူးတစ်ဦးရဲ့ နေအိမ်မှာ အောက်တိုဘာလ (၉) ရက် ည ၇ နာရီအချိန်ခန့်က လက်လုပ်ဗုံးနဲ့ ပစ်သွားတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

၅၃ လမ်း၊ ၁၁၂ B လမ်းရှိ ထွန်တုံးရပ်ကွက် အကွက်မှူး ဦးမိုးဆွေရဲ့ နေအိမ်ကို အမည်မသိ လူ ၂ ဦးက ဆိုင်ကယ်နဲ့လာကာ ဗုံးတစ်လုံးပစ်သွားတာလို့ သိရပါတယ်။

ရပ်ကွက်နေပြည်သူ တစ်ဦးက  “ရပ်ကွက်ထဲ ဗုံးသံကြားလိုက်တယ်။ အစက ဘယ်မှာကွဲတယ်မသိဘူး။ ပြီးတော့မှ အကွက်မှူးရဲ့ အိမ်ကို ဗုံးနဲ့ ပစ်သွားတာ။ တစ်ယောက် ထိခိုက်သွားတယ်။ တချို့ကလည်း သေသွားတယ်ပြောတယ်။” လို့ ပြောပါတယ်။

ဗုံးနဲ့ ပစ်ခံရတဲ့အတွက် ထွန်တုံးရပ်ကွက် အကွက်မှူး ဦးမိုးဆွေရဲ့ အဒေါ်ဖြစ်သူ အသက် (၆၀) ကျော်အရွယ် ဒေါ်ကောက်တေး ထိခိုက်ဒဏ်ရာရသွားတာလို့ သိရပါတယ်။

ဗုံးနဲ့ ပစ်ခံရပြီး မကြာခင်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေေရောက်လာကာ အနီးပတ်ဝန်းကျင်မှာ စစ်ဆေးတာတွေ လုပ်သွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၈ ရက် ည ၆ နာရီခွဲအချိန်ကလည်း ထွန်တုံးရပ်ကွက် အကွက်မှူး ဦးတင်ဝင်း ၄၈ လမ်း၊ ၁၀၈ လမ်း နဲ့ ၁၀၉ လမ်းကြားမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁)၊ ထုံးဘိုရပ်မှာ စစ်ကောင်စီ သတင်းပေး ဆိုသူတစ်ဦး အောက်တိုဘာ ၉ ရက် ညနေက အသတ်ခံရတယ်လို့ သိရပါတယ်။

အသတ်ခံရသူဟာ ကျော်ဇေယျ ဆိုသူဖြစ်ပြီး စစ်ကောင်စီ သတင်းပေး ပျူစောထီးအဖွဲ့ဝင်အဖြစ် ကျော်ဇောသူဖြစ်တယ်လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတချို့က ဆိုကြပါတယ်။

အသတ်ခံရတဲ့ ကျော်ဇေယျဟာ ရင်ဘတ်ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပြီး Pyin Oo Lwin Special tesk force(PSTF) က ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013