DVB Logo
Home
မြန်မာသတင်း
မိုးထိမိုးမိ ရွှေလုပ်သားခေါင်းဆောင်ကို ဖမ်းဆီးတဲ့အတွက် ရွှေလုပ်သားများ ဆန္ဒပြ
DVB
·
December 29, 2013
မိုးထိမိုးမိ ရွှေလုပ်သားခေါင်းဆောင်ကို ဖမ်းဆီးတဲ့အတွက် ရွှေလုပ်သားများ ဆန္ဒပြ
Donate to DVB

မိုးထိမိုးမိ ရွှေလုပ်သားများ ဒုက္ခသည်စခန်းရဲ့ ခေါင်းဆောင်တွေကို ပုဒ်မ ၅၀၅ (ခ)နဲ့ ဖမ်းဆီး ၀ရမ်းထုတ်လိုက်တဲ့အတွက် ရွှေလုပ်သားတွေက ကန့်ကွက် ဆန္ဒပြကြပါတယ်။

ရမည်းသင်းမြို့နယ် ရွှေမြင်တင်တောင်ပေါ်မှာ ရှိတဲ့ မိုးထိမိုးမိရွှေလုပ်သားတွေရဲ့ သပိတ်စခန်းက ခေါင်းဆောင် ၅ ဦးကို ဒီဇင်ဘာ ၂၆ ရက်နေ့က နိုင်ငံတော်အား အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ဖမ်းဝရမ်း ထုတ်လိုက်တာ ဖြစ်ပါတယ်။

[caption id="attachment_48831" align="alignright" width="150"]ဒီဇင်ဘာလ ၁၈ ရက်နေ့က ဆန္ဒပြနေစဉ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဆန္ဒပြနေစဉ်[/caption]အခုလို ဖမ်းဝရမ်း ထုတ်ရတာဟာ ဒီဇင်ဘာ ၁၈ ရက်နေ့က ရမည်းသင်းမြို့ အ၀င် သိမ်ကုန်ကျေးရွာအနားမှာ မိုးမိမိုးမိရွှေလုပ်သားတွေနဲ့ ရဲတွေ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် လို့ ဆိုတဲ့အတွက် ရွှေလုပ်သားတွေက ဆန့်ကျင် ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

ဒါအပြင် မိုးထိမိုးမိ ရွှေလုပ်သားတွေကို ကျောင်းဝင်းထဲ လက်ခံခဲ့တဲ့အတွက် ရမည်းသင်းမြို့နယ် ရွှေရင်မျှော်တောင်ရှိ စိတ္တသုခကျောင်းဆရာတော် ဦးဝိမလကိုလည်း ကျောင်းဝင်းတွင်းကနေ နှင်ထုတ်ခံရပြီး အခုတော့ ကျောက်လက်မောင်းတောင်က ဂူမှာပဲ သီတင်းသုံးနေရတယ်လို့ ဆရာတော်က ပြောပါတယ်။

စိတ္တသုခကျောင်းဆရာတော် ဦးဝိမလ “အခုလို ဦးဇင်းကို နှင်ထုတ်တဲ့ ၇ ရက် ၁၂ လ ၂၀၁၃ မှာ နှင်ထုတ်တဲ့အပြင် အမြန်ဆုံး ၃ ရက်အတွင်း ထွက်ခွာပေးပါဆိုတော့ ဦးဇင်းက ထွက်ခွာပေးရမယ်ဆိုရင် ဦးဇင်းမထွက်ပါနဲ့ ဒကာ၊ ဒကာမတွေက သူတို့ ထွက်ပေးပါမယ်ဆိုပြီး ထွက်သွားကြတယ်။ အရှေ့ထွက်သွားလိုက်၊ အနောက် ထွက်သွားလိုက် ထွက်သွားပြီးတော့မှ ၈ ရက် ၉ ရက်နေ့မှာပဲ ဆန္ဒပြ ဖြစ်ပါတယ်။ အဲတော့ ဦးဇင်းလဲ ဘယ်လိုမှ ထိန်းမရပါဘူး မြို့လည်ကောင်မှ သွားဖြစ်ပါတယ်။”

အခု လက်ရှိမှာတော့ မိုးထိမိုးမိ သပိတ်စခန်းအတွက် အစားအသောက်တွေ လာရောက် လှူဒါန်းသူတွေကိုလည်း တားဆီး ပိတ်ပင်နေတဲ့အတွက် သပိတ်စခန်းမှာ ရှိနေတဲ့ ကိုယ်ဝန်ဆောင်သည်တွေနဲ့ ကလေးတွေအတွက် အစားအသောက်တွေ လိုအပ်နေတယ်လို့ ပြောပါတယ်။


နန်းအိဖြိုး “ဒီဒုက္ခသည်စခန်းမှာ ကလေးတွေ စုစုပေါင်း ၁၅ ယောက်လောက် ရှိပါတယ်။ ကျမတို့တွေ ဒီမှာ နေရထိုင်ရတာ စားဝတ်နေရေး လုံးဝ အဆင်မပြေပါဘူး။ လူကြီးတွေကတော့ ဒီဟာကို ပြီးစီးအောင်ထိ တိုက်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် စားဝတ်နေရေးအတွက် လူကြီးတွေက နေနိုင်ပါတယ်။ ကလေးတွေကတော့ မနေနိုင်ပါဘူး။ နေ့ရောညရောကို ဂျီတာ တစာစာပဲ ဖြစ်နေကြပါတယ်။”


မိုးထိမိုးမိ ရွှေတွင်းလုပ်ကွက်တွေမှာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက တနိုင်တပိုင် ရွှေတွင်းလုပ်သားတွေကို လုပ်ကွက်ငယ်တွေ လုပ်ကိုင်ခွင့်မပြုတော့ဘဲ ဖယ်ရှား ခိုင်းတာကြောင့် ရာချီတဲ့ ရွှေလုပ်သားတွေဟာ အောက်တိုဘာလကတည်းက ဆန္ဒပြခဲ့ကြ ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ဆန္ဒပြပွဲကို ရဲတွေက ဖြိုခွင်းခဲ့လို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး အပါအ၀င် ဆန္ဒပြသမား ၉ ဦး ဒဏ်ရရှိသွားခဲ့သလို ရဲတပ်သား ၂ ဦးလည်း ဒဏ်ရာရ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013