DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်မီတာခကို Mytel Pay နှင့် ဘဏ် ၅ ခုအပါအဝင် Payment ၉ မျိုးဖြင့် ပေးဆောင်နိုင်
DVB
·
October 9, 2021
လျှပ်စစ်မီတာခကို Mytel Pay နှင့် ဘဏ် ၅ ခုအပါအဝင် Payment ၉ မျိုးဖြင့် ပေးဆောင်နိုင်
Donate to DVB

ပြည်သူတွေအနေနဲ့ လျှပ်စစ်မီတာခကို Mytel Pay နဲ့ ပုဂ္ဂလိကဘဏ် ၅ ခု အပါအဝင် Payment ၉ မျိုးနဲ့ ပေးဆောင်နိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ကြေညာထားပါတယ်။

အဆိုပါ ကြေညာချက်ထဲမှာတော့ ပြီးခဲ့တဲ့လတွေအလိုက် ပေးဆောင်ရမယ့် ဓာတ်အားခ ကျသင့်ငွေတွေကို နောက်ဆုံးထားပေးဆောင်ရမယ့် ရက်တွေနဲ့ အသိပေးထားခဲ့ကာ ပုဂ္ဂလိကဘဏ် ဘဏ် ၅ ခုဖြစ်တဲ့ မြန်မာအရှေ့တိုင်းဘဏ်(MOB)၊ ယူအေဘီဘဏ်(UAB)၊ သမဝါယမဘဏ်(CB)၊ ကမ္ဘောဇဘဏ်(KBZ)၊ ဧရာဝတီဘဏ်(AYA)တို့အပါအဝင် Internet Wallet Myanmar (OK$)၊ Mytel Wallet Myanmar International (MytelPay)၊ Myanmar Mobile Money (MMM)၊ Myanmar Computer Co.,Ltd တို့ကတဆင့်လည်း ပေးဆောင် နိုင်တယ်လို့ ဆိုပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်ကတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် စီးပွားရေး အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် မီတာခတွေ လျှော့ပေးခဲ့ပြီး လက်ရှိ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကလည်း အိမ်သုံးလျှပ်စစ်မီတာခတွေကို ခြွင်းချက်မရှိ အခမဲ့ ကင်းလွတ်ခွင့်ပြုကြောင်းနဲ့ ပြည်သူတွေ လျှပ်စစ်မီတာခ ပေးဆောင်ရန်မလိုဘဲ ကောက်ခံရင် နိုင်ငံတော်ပုန်ကန်မှုမြောက်ကြောင်းနဲ့ အမည်ပျက်စာရင်းသွင်းသွားမှာ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ပြည်လူလူထုတွေထံကနေ လျှပ်စစ်ဓာတ်အားခတွေ သတ်မှတ်နှုန်းထားနဲ့ သတ်မှတ်ချိန်အလိုက် ကောက်ခံရရှိရေး ဆောင်ရွက်ကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ပြည်သူတွေကတော့ ဒီအခွန်အခတွေဟာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုအတွက်မဟုတ်ဘဲ လူထုကို အကြမ်းဖက် ပစ်သတ်မှုတွေ လုပ်ဆောင်နေတဲ့ စစ်အုပ်စုရဲ့ အသုံးစရိတ်ဖြစ်မှာမို့ လျှပ်စစ်မီတာခ မပေးသွင်းကြရေး လှုပ်ရှားမှုမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013