DVB Logo
Home
မြန်မာသတင်း
မြင်းခြံနှင့်တောင်သာမြို့နယ်ကို Stay At Home အမိန့်ဖြေလျှော့
DVB
·
October 8, 2021
မြင်းခြံနှင့်တောင်သာမြို့နယ်ကို Stay  At  Home အမိန့်ဖြေလျှော့
Donate to DVB

မန္တလေးတိုင်း မြင်းခြံခရိုင်ထဲက တောင်သာနဲ့ မြင်းခြံမြို့နယ်တွေကို Stay  At  Home အမိန့်ကို အောက်တိုဘာ ၈ ရက်မှာ ဖြေလျော့ပေးလိုက်တယ်လို့ မြို့နယ်ဒေသခံတွေဆီက သိရပါတယ်။  

မန္တလေးတိုင်း မြင်းခြံခရိုင် ၄ မြို့နယ်မှာ  မနက် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်း နေ့မထွက်ရ  Stay  At  Home အမိန့်ကို  ဇူလိုင်လအတွင်းက  သတ်မှတ်ခဲ့တာပါ။

မနက် ၁၁ နာရီက  ညနေ ၄ နာရီအထိ နေ့မထွက်ရအမိန့်ကို အောက်တိုဘာ ၈  ရက်ကစပြီး မြင်းခြံမှာ ည ၈ နာရီက မနက် ၄  နာရီနဲ့ တောင်သာမှာတော့ ည ၇ နာရီက မနက် ၄  နာရီအထိ ပြောင်းလဲသတ်မှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

Stay  At  Home အမိန့်ကို မြင်းခြံခရိုင်မှာ  ၄ မြို့နယ် သတ်မှတ်ခံခဲ့ရတာဖြစ်ပြီး အစောဆုံး သတ်မှတ်ခံရတဲ့ နွားထိုးကြီးမြို့နယ်က ဖြေလျှော့ပေးတဲ့ထဲ မပါသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013