Home
မြန်မာသတင်း
ဈေးချိုနှင့် မန်းမြန်မာပလာဇာ ဆိုင်ခန်းများမှ ကုန်ပစ္စည်းများ ထုတ်ခွင့်ပေးမည်
DVB
·
October 8, 2021
244508750_3093981644192207_4427620704895399283_n

မန္တလေးအဆင့်မြင့်ဈေးချိုတော်နဲ့ တိုက်တန်းကြီး ဈေးရုံအသီးသီးရှိ ဆိုင်ခန်းတွေနဲ့ မန်းမြန်မာပလာဇာ(မြေညီထပ်)က ဆိုင်ခန်းတွေက ကုန်ပစ္စည်းတွေကို မကြာမီ ပြန်ထုတ်ခွင့်ပေးမှာဖြစ်တယ် ဈေးအကျိုးတော်ဆောင်အဖွဲ့က အသိပေးကြေညာထားပါတယ်။

မန်းမြန်မာပလာဇာ(မြေညီထပ်) ဈေးသူ/ဈေးသား ဆိုင်ခန်းရှင်တွေအနေနဲ့ မိမိဆိုင်က ပစ္စည်းတွေကို ထုတ်ယူ သယ်ဆောင်လိုပါက မိမိဆိုင်အမည်၊ ဆိုင်ခန်းအမှတ်၊ ဆိုင်ရှင်အမည်နဲ့ ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ်တို့ကို ဈေးအကျိုးတော်ဆောင်အဖွဲ့သို့ အောက်တိုဘာ ၁၀ရက် ညနေ ၅နာရီ နောက်ဆုံးထား၍ ဆက်သွယ်စာရင်းပေးသွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆင့်မြင့်စျေးချိုတော်နဲ့ တိုက်တန်းကြီး စျေးရုံအသီးသီးရှိ ဆိုင်ရှင်တွေအနေနဲ့ ကုန်ဖြည့်တင်းဖို့ ပစ္စည်းတွေထုတ်ယူလိုပါက ဆိုင်အမှတ်၊ ဆိုင်အမည်၊ ထုတ်ယူလိုသော ကုန်အမျိုးအစားအမည်တို့ကို သက်ဆိုင်ရာရုံကိုယ်စားလှယ်တွေထံ အောက်တိုဘာ ၇ ရက် နောက်ဆုံးထား စာရင်းပေးသွင်းဖို့ အသိပေးကြေညာထားပါတယ်။

စျေးချိုတော် နဲ့ မန်းမြန်မာပလာဇာ (မြေညီထပ်) ဆိုင်ခန်းတွေက ကုန်ပစ္စည်း ထုတ်ယူရမယ့် နေ့ရက်ကို အတိအကျမသိရသေးပေမဲ့ မကြာခင် အသိပေး ကြေညာမှာဖြစ်တယ်လို့ စျေးအကျိုးတော်ဆောင်အဖွဲ့က သိရပါတယ်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ရတနာပုံစျေးအတွင်းရှိ ဆိုင်ခန်းပိုင်ရှင်တွေရဲ့ ပစ္စည်းထုတ်ယူခြင်းကို အောက်တိုဘာ ၇ ရက်က ထုတ်ယူခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024