DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် မြေအောက်ဥမင်လမ်းများဆက်ဖောက်ရန် အကြမ်းဖက်စစ်ခေါင်းဆောင် တိုက်တွန်း
DVB
·
October 8, 2021
ရန်ကုန်တွင် မြေအောက်ဥမင်လမ်းများဆက်ဖောက်ရန် အကြမ်းဖက်စစ်ခေါင်းဆောင် တိုက်တွန်း
1 / 17
Donate to DVB

ရန်ကုန်မြို့မှာ  မြေအောက်ဥမင် လမ်းကြောင်းတွေ ဆက်လက်ဖောက်လုပ်သွားကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 

အောက်တိုဘာ ၇ ရက်က ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီအဝိုင်းအနီး ပြည်လမ်းမကြီးမှာ ဖောက်လုပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

ရန်ကုန်မြို့အတွင်း လူဦးရေနဲ့ ပို့ဆောင် ဆက်သွယ်ရေးယာဉ် အရေအတွက် တိုးပွားလာနေပြီး လမ်းဧရိယာတွေ တိုးချဲ့ဖို့ မဖြစ်နိုင်လို့  နှစ်ထပ်လမ်းကြောင်းတွေ၊ မြေအောက်ဥမင် လမ်းကြောင်းတွေ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း၊ ယခု မြေအောက်လမ်းကူး လူသွားဥမင်ဟာ မြေအောက်ရထားလမ်းအကောင်အထည် ဖော်ဆောင်ရေးလုပ်ငန်းတွေရဲ့ ကနဦး ခြေလှမ်းအစဖြစ်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ပြည်လမ်းအောက်မှာဖြတ်ပြီးဖောက်လုပ်ထားတဲ့ အဆိုပါ  မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဟာ အန်အယ်လ်ဒီအစိုးရလက်ထက်က ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင်မှာ ဈေးဆိုင်ခန်းတွေပါဝင်တဲ့ မြေအောက်လမ်း ကူးလူသွားဥမင်(Underpass)အမျိုးအစားဖြစ်ပြီး ပင်မဥမင်အမြင့် ၁၁ ပေ၊ အကျယ် ပေ ၄၀၊ မြေအောက်အနက် ၁၅ ပေ ၃ လက်မ၊ ပင်မဥမင် စုစုပေါင်းအလျား ၄၂၇ ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် ၄ ခု ပါဝင်ကာ တနာရီလျှင် လူဦးရေ ၆၀၀၀ ခန့်ဖြတ်သန်းသွားလာ နိုင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွေ့လျားစက် လှေကား ၃ စင်း၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေအသုံးပြုဖို့ ဓာတ်လှေကား ၂ စင်းနဲ့  ဈေးဆိုင်ခန်း ပေါင်း ၁၈ ခန်း ထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။

PHOTO-MOI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013