DVB Logo
Home
မြန်မာသတင်း
မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဂျွန်မက်ကိန်း Freedom Award ဆုရရှိ
DVB
·
October 8, 2021
မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဂျွန်မက်ကိန်း Freedom Award  ဆုရရှိ
1 / 2
Donate to DVB

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် ၄ ဦးဟာ အခုနှစ်အတွက်   International Republican Institute ကပေးအပ်တဲ့ John S.McCain   Freedom Award  ဆုရရှိသွားပါတယ်။

ဒီနှစ်အတွက် ဆုပေးဖို့ရွေးချယ်ခံရတဲ့ ဒီမိုကရေစီသူရဲကောင်းတွေကတော့ လစ်သူယေးနီးယား ဝန်ကြီးချုပ် အင်ဂရီဒါဆီမိုနီတာ၊ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဘယ်လာရုစ်နိုင်ငံရေးအကျဉ်းသားများအတွက် ညှိနှိုင်းဆောင်ရွက်ရေးကောင်စီကိုယ်စားလှယ် တက်ဆီရာနာခိုမစ်ချ်နဲ့ ကျူးဘားနိုင်ငံက Grammy ဆုရအနုညာရှင် ဝီလီချီရီနိုတို့ ဖြစ်တယ်လို့ IRI က ကြေညာပါတယ်။

ဒီဆုကို ၁၉၉၅ ခုနှစ်ကတည်းကစတင်ပြီး ကမ္ဘာတဝန်းက သန်းနဲ့ချီတဲ့ပြည်သူတွေရဲ့  ဒီမိုကရေစီရေး၊ လွပ်လတ်ခွင့်နဲ့ လူသား လွတ်မြောက်ရေးတို့အတွက် တိုးတက်ရာတိုးတက်ကြောင်း လုပ်ဆောင်နေသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးအပ်တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာပြည်သူတွေက ရွေးချယ်ထားတဲ့ အန်အယ်လ်ဒီဦးဆောင်တဲ့  အရပ်သားအစိုးရကို ကိုယ်စားပြုပြီး မြန်မာပြည်သူတွေနဲ့အတူရပ်တည်ကြောင်း သတ္တိရှိရှိပြောဆိုခဲ့တာပါ။ 

သူ့ရဲ့မိန့်ခွန်းအဆုံးမှာလည်း  ပြည်သူသာ အဓိက အရေးတော်ပုံ အောင်ရမည်ဆိုပြီး လက်သုံးချောင်းထောင်ကာ  မြန်မာပြည်တွင်းက စစ်အာဏာရှင်ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ပြသသွားခဲ့တာဖြစ်ပါတယ်။

အခုလို ဦးကျော်မိုးထွန်း ဆုရရှိသွားတာနဲ့ ပတ်သက်ပြီး NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက “  International Republican Institute (IRI) ရဲ့  John S.McCain Freedom Award 2021 ​ပေးအပ်ခံခဲ့ရတဲ့ပြည်သူ့သံအမတ်ကြီး ဦး​ကျော်မိုးထွန်းအတွက် များစွာဂုဏ်ယူဝမ်း​မြောက်ပါ​တယ်။” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။  

အရင်က ဒီဆုကို အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်၊  သမ္မတဟောင်း ဂျော့ချ် အိတ်ချ်ဒဗလျူဘွတ်ရှ်၊  သမ္မတဟောင်း ဂျော့်ချ် ဒဗလျူဘွတ်ရှ်၊ လိုက်ဘေးရီးယားသမ္မတ အယ်လန်ဂျွန်ဆင်ဆာလစ်ဖ်၊ ငြိမ်းချမ်းရေနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ စသူတို့လည်းရရှိခဲ့ဖူးပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွက် ဆုကိုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွမ်ပေအို၊  ဟောင်ကောင်ပြည်သူတွေနဲ့ ဘယ်လာရုစ် ဒီမိုကရေစီရေးလှုပ်ရှားသူ ၃ ဦးတို့ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013