DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ စတင်ဖွဲ့စည်း
DVB
·
October 7, 2021
မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့  စတင်ဖွဲ့စည်း
1 / 12
Donate to DVB

မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့သစ်ကို စစ်ရေယာဉ် ၄ စီးနဲ့ စတင်ဖွဲ့စည်းကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  အောက်တိုဘာ ၆ ရက်မှာ ကြေညာလိုက်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် အတွင်းပိုင်းရေပြင်မှ သီးသန့်စီးပွားရေးဇုန်အထိ ဧရိယာအတွင်း ရေကြောင်းဆိုင်ရာလုံခြုံရေးနဲ့ တရားဉပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းတွေ တာဝန်ခံ စီမံကွပ်ကဲဆောင်ရွက်ဖို့၊ အမျိုးသားရေကြောင်း အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်ပြီး ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းတာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ 

ဒါ့အပြင် ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့၊ ပင်လယ်ဖြတ်ကျော်မှုခင်း နှိမ်နင်းဖို့၊ သတင်းအချက်အလက်တွေဖလှယ်ဖို့၊ နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး သံတမန် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ စစ်မက်ကာလတွင် တပ်မတော် (ရေ)အား အထောက်အကူပြုစေဖို့  ရည်ရွယ်ချက်လည်းပါတယ်လို့ဆိုပါတယ်။ 

ကမ်းခြေစောင့်တပ်ဖွဲ့စည်းခြင်းနဲ့ တပ်တော်ဝင်အခမ်းအနားကို အောက်တိုဘာ ၆ ရက်က  ရန်ကုန်မြို့၊ သံလျင်မြို့နယ် အမှတ်(၃) ရေတပ် ဆိပ်ခံတံတားမှာ ကျင်းပပါတယ်။

ကမ်းခြေစောင့်တပ်ကို တပ်မတော်(ရေ)မှလွှဲပြောင်းပေးမယ့်  စစ်ရေယာဉ် ၄ စီးနဲ့ စတင်ဖွဲ့စည်းတာဖြစ်ပြီး အခမ်းအနားမှာ မြန်မာနိုင်ငံ ကမ်းခြေ စောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်တွေ တက်ရောက်ပေမဲ့ စစ်သည်အင်အားဘယ်လောက်နဲ့ ကမ်းခြေစောင့် တပ်ကိုဖွဲ့စည်းတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

အခမ်းအနားမှာ စစ်ရေယာဉ်တွေကနေ  အမြောက်(၂၁) ချက် ပစ်ဖောက်တာ၊ ဖရီဂိတ်စစ်ရေယာဉ်တွေက မောင်းနှင်ချီတက် အလေးပြုတာနဲ့ တပ်မတော်(လေ)မှ ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့ သရုပ်ပြပျံသန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်း တည်ထောင်တဲ့နေ့ဟာ နိုင်ငံနဲ့ တပ်မတော်အတွက် သမိုင်းဝင် မော်ကွန်းတင်တဲ့ နေ့တစ်နေ့ပင်ဖြစ်ကြောင်း၊  ကမ်းခြေစောင့်တပ်ဖွဲ့အနေနဲ့ ပင်လယ်ပြင် တရားဥပဒေ စိုးမိုးရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေး၊ ရေကြောင်းအကျိုးစီးပွားတွေ ကာကွယ် စောင့်ရှောက်ရေး၊ ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးနဲ့ ပင်လယ်ပြင်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကိုလည်း လုပ်ဆောင်ဖို့တာဝန်ရှိတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ရေပြင်ဧရိယာ ၁၄၄,၉၁၂ စတုရန်းမိုင်လောက်ပိုင်ဆိုင်ပြီး အရင်က ကမ်းခြေစောင့်တပ်ဖွဲ့သီးသန့်မှရှိဘဲ မြန်မာရေပိုင်နက်ရဲ့ လုံခြုံရေးကို တပ်မတော်(ရေ)က တာဝန်ယူ လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

Photo- DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013