DVB Logo
Home
မြန်မာသတင်း
နွေဦးတက္ကသိုလ်က စက်တင်ဘာလအတွင်း တော်လှန်ရေးအတွက် ကျပ်သိန်း ၂၀၀ ခန့်လှူဒါန်းနိုင်
DVB
·
October 7, 2021
နွေဦးတက္ကသိုလ်က စက်တင်ဘာလအတွင်း တော်လှန်ရေးအတွက် ကျပ်သိန်း ၂၀၀ ခန့်လှူဒါန်းနိုင်
Donate to DVB

နွေဦးတက္ကသိုလ်က စက်တင်ဘာလအတွင်း ဖွင့်လှစ်ထားတဲ့ တန်းခွဲတွေကနေ လှူဒါန်းငွေ  တစ်လအတွင်း ကျပ်သိန်း ၂၀၀ လောက် လက်ခံရရှိခဲ့တယ်လို့ Spring University Myanmar (SUM) က  အသိပေးကြေညာထားပါတယ်။

အခုလိုရရှိခဲ့တဲ့ လှူဒါန်းငွေတွေထဲက CDM ဝန်ထမ်းတွေအတွက် ကျပ် ၁၁၄ သိန်းကျော်၊ စစ်ဘေးရှောင်ပြည်သူတွေနဲ့ တခြားလိုအပ်တဲ့ နေရပ်ဒေသတွေအတွက် ကျပ်သိန်း ၅၀၊ STEM TOT Batch 3 က ဆရာ၊ ဆရာမအယောက် ၁၀၀ တွက် ကျပ်သိန်း ၃၀ နဲ့ ကျောင်းသူ၊ ကျောင်းသား ၂၄  ယောက်ရဲ့ Scholarship တွေအတွက် ကျပ်  ၃ သိန်းကျော် လှူဒါန်း ထောက်ပံ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နွေဦးတက္ကသိုလ်အနေနဲ့ မေလကနေ ဩဂုတ်အထိ ၄ လအတွင်း တော်လှန်ရေးအတွက် လိုအပ်တဲ့ နေရာပေါင်းစုံ၊ ဘက်ပေါင်းစုံကို သိန်း ၅၆၀ ကျော်လှူဒါန်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

နွေဦးတက္ကသိုလ်ရဲ့ တော်လှန်ရေးခရီးစဉ် ရည်ရွယ်ချက်အတိုင်း အာဏာသိမ်း စစ်အစိုးရလက်အောက်မှာ ပညာမသင်ယူလိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေး ရပ်တန့်မသွားဖို့၊ CDM သူရဲကောင်းတွေကို ပိုမို လှူဒါန်းနိုင်ဖို့အတွက် အကောင်အထည်ဖော်လုပ်ဆောင်နေတာဖြစ်ပါတယ်။

နွေဦးတက္ကသိုလ်မှာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အဆင်မြင့်ပညာရပ်တွေ ဆက်လက်သင်ယူနိုင်ဖို့ ကျောင်းခွဲ (၉) ခု အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး အောက်တိုဘာလအတွင်း CDM သူရဲကောင်းတွေကို  ပိုမိုထောက်ပံ့ပေးနိုင်ဖို့ CCP - Centre for College Preparation နဲ့ School of Arts ကိုလည်း ဖွင့်လှစ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013