DVB Logo
Home
မြန်မာသတင်း
ရေးမြိုနယ် NLD ဥက္ကဋ္ဌ နေအိမ် စစ်ကောင်စီတပ် ဝင်ရောက်ရှာဖွေ၊ ပစ္စည်းအချို့ယူဆောင်
DVB
·
October 7, 2021
ရေးမြိုနယ် NLD ဥက္ကဋ္ဌ နေအိမ် စစ်ကောင်စီတပ် ဝင်ရောက်ရှာဖွေ၊ ပစ္စည်းအချို့ယူဆောင်
Donate to DVB

မွန်ပြည်နယ်  ရေးမြို့ ကျုံးပတ်လမ်းရှိ NLD မြို့နယ်ဥက္ကဋ္ဌ ဦးကျော်မိုးအေး နေအိမ်ကို အောက်တိုဘာ ၆ ရက်နေ့ညနေမှာ စစ်ကောင်စီတပ်တွေက သော့ရိုက်ဖျက် ဝင်ရောက်ရှာဖွေခဲ့ကြပြီး ပစ္စည်းတချို့ ယူဆောင်သွားခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ရေးမြို့ NLD မြို့နယ်ဥက္ကဋ္ဌ ဦးကျော်မိုးအေးဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ဦးဆောင်သူအဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အလိုရှိသူတဦးဖြစ်ပြီး ရာဘာကျည်နဲ့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရပေမဲ့ ကိုယ်လွတ်ရုန်း လွတ်မြောက်သွားခဲ့ပြီးကတည်းက ဒီနေ့အထိ နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေတာလို့ မိသားစုနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

ဦးကျော်မိုးအေး ထွက်ပြေးတိမ်းရှောင်နေချိန်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ မကြာခဏ နေအိမ်ကို စောင့်ကြည့်ခံနေရသလို ညီဖြစ်သူနဲ့ ညီရဲ့သား တက္ကသိုလ်ကျောင်းသားတဦးပါ ဖမ်းဆီးခံထားရတယ်လို့ မိသားစုဝင်နဲ့ နီးစပ်တဲ့သူတဦးက ပြောပါတယ်။

ဦးကျော်မိုးအေးရဲ့ မိသားစုဝင်အချို့ ဖမ်းဆီးခံထားရသလို အချို့လည်း နေအိမ်ကနေ ဒီနေ့အထိ တိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်တွေဟာ NLD ပါတီ၀င်တွေနဲ့ အားပေးထောက်ခံသူတွေကို အခုရက်ပိုင်းမှာ ဖမ်းဆီးတာတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရေးမြို့နယ် NLD အမတ်ဟောင်း ဦးမျိုးဝင်းကို ဖမ်းမမိတာကြောင့် မိခင် နဲ့ သမီးဖြစ်သူကို ဖမ်းဆီးခဲ့ပြီး မိခင်ဖြစ်သူအား ပြန်လွှတ်ပေးခဲ့ပေမယ့် သမီးဖြစ်သူကို ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။

ရေးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ပတ်သက်တဲ့သူတွေေ ဖမ်းဆီးခံရတာ ၃၀ ကျော်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013