DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအဖွဲ့ ဖွဲ့စည်း
DVB
·
December 27, 2013
ဒေါ်အောင်ဆန်းစုကြည်  လုံခြုံရေးအဖွဲ့ ဖွဲ့စည်း
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့က လုံခြုံရေးအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းပြီး တာဝန်ပေးလိုက်ပါတယ်။

Daw Su Securityမိတ္တီလာအမတ် တပ်မတော်အရာရှိဟောင်း ဦးဝင်းထိန် ခေါင်းဆောင်တဲ့ အဖွဲ့ကို ပါတီဥက္ကဋ္ဌရဲ့ လုံခြုံရေးအဖွဲ့ ဖွဲ့စည်းတာဝန်ယူဖို့ ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်လိုက်တာပါ။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာသေးခင်ကမှ ခြေထောက်ခွဲစိတ် ကုသမှုခံယူထားတာဖြစ်ပြီး သူ့ရဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ရတယ်ဆိုတဲ့ သတင်းတွေကတော့ ကြားသိရခြင်း မရှိပါဘူး။

အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်ကတော့ ဥက္ကဋ္ဌလုပ်ငန်းတွေ အထောက်အကူပြုနိုင်ဖို့ အဓိက ရည်ရွယ်ဖွဲ့လိုက်တာဖြစ်ပြီး သုတေသနအဖွဲ့ ဖွဲစည်းဖို့ ရှိတယ်လို့ ပြောပါတယ်။

ဥက္ကဋ္ဌလုံခြုံရေး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးခံရတဲ့ ဦးဝင်းထိန်ကတော့ လုံခြုံရေးအတွက် သူလုပ်မယ့် အစီအစဉ်ကို ခုလို ပြောပါတယ်။

“ခါတိုင်းလိုပဲ ဒေါ်အောင်ဆန်းစုကြည်နားက အနီးကပ်လုံခြုံရေးတွေရယ်၊ နောက်ပြီးတော့ တနေရာကနေ တနေရာသွားမယ်ဆိုရင် ဒေသဆိုင်ရာ လူငယ်တွေ၊ လူကြီးတွေနဲ့ တွဲပြီး အလုပ်လုပ်ရမှာပါ။ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ သတင်းတပ်ဖွဲ့တို့၊ ရဲတို့ကလည်း တာဝန်ယူပြီးလုပ်တော့ သူတို့နဲ့လည်း ညှိနှိုင်းပြီး ဆောင်ရွက်ရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အစိုးရဘက်က အခမ်းအနားတွေဆိုရင် လာပြီး ကူညီပါတယ်။ ခရီသွားတယ်ဆိုရင်လည်း သက်ဆိုင်ရာ ဒေသတွေက မသိမသာ တာဝန်ယူပေးတဲ့ ကဏ္ဍတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ လူငယ် လုံခြုံရေး ခေါင်းဆောင်ပါသွားတဲ့ ကလေးတွေနဲ့ သူတို့နဲ့ အဆက်အသွယ်ရှိ ပြီးတော့ ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို အမြဲတမ်းညှိနှိုင်းပြီး ဆောင်ရွက်တာ ရှိပါတယ်။ ကျနော်တို့က အစိုးရဘက်ကို ဒေါ်စု လုံခြုံရေးအတွက် သတ်သတ်မှတ်မှတ် လုပ်ပေးပါလို့ မတောင်းဆိုဘူး။ ဒါပေမယ့် သူသွားလေရာ ဒေသတိုင်းမှာ ရှိတဲ့ ရဲတို့၊ အက်စ်ဘီတို့ ထောက်လှမ်းရေးရှိရင်လည်း ထောက်လှမ်းရေးတွေက ၀ိုင်းဝန်းကူညီပြီးတော့ ကျနော်တို့နဲ့ လက်တွဲ ဆောင်ရွက်တဲ့ သာဓကတွေ အများကြီး ရှိခဲ့ပါတယ်။”

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ၁၉၈၈-၈၉ ကာလက သုံးရောင်ခြယ်လူငယ်တွေက တာဝန်ယူခဲ့ပြီး၊ ၁၉၉၅-၉၆ လောက်ကစပြီး သုံးရောင်ခြယ် လူငယ်အဖွဲ့နဲ့ အန်အယ်လ်ဒီလူငယ်တို့ ပူးပေါင်း တာဝန်ယူခဲ့ကြပါတယ်။ အခု ၂၀၁၀ နောက်ပိုင်းမှာတော့ အန်အယ်လ်ဒီ လူငယ်တွေကပဲ တာဝန်ယူ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ယခင်စစ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ်မေလက စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်း အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရဖူးပြီး သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ အန္တရာယ် ကြီးကြီးမားမား ကြုံတွေ့ခဲ့ရတာ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013