DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဒီမိုကရေစီရေးထောက်ပံ့ပေးမည့် ဥပဒေသစ် အမေရိကန်လွှတ်တော်၌ တင်သွင်းသည့် အပေါ် ကြိုဆို
DVB
·
October 6, 2021
မြန်မာ့ဒီမိုကရေစီရေးထောက်ပံ့ပေးမည့် ဥပဒေသစ် အမေရိကန်လွှတ်တော်၌ တင်သွင်းသည့် အပေါ် ကြိုဆို
Donate to DVB

စစ်အာဏာရှင်ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို အားပေးထောက်ပံ့ပေးဖို့ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ ဥပဒေသစ် တင်သွင်းလိုက်တဲ့အပေါ် Global Witness အဖွဲ့က ကြိုဆိုလိုက်ပြီး ဒီဥပဒေကို အမြန်ဆုံး အတည်ပြုဖို့လည်း အောက်တိုဘာ ၅ ရက်နေ့က ထုတ်ပြန်တိုက်တွန်းထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက မတရားစစ်အာဏာသိမ်းကာလ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့အရေးအတွက် BURMA Act of 2021 လို့ အမည်ပေးထားတဲ့   ဉပဒေသစ်တရပ် အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ တင်သွင်းထား ပါတယ်။

ဒီဉပဒေသစ်အရ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရေးဆန္ဒပြလှုပ်ရှားမှုတွေနဲ့ စစ်အာဏာရှင်စနစ်လက်အောက်ကနေ ထွက်ပြေးလာတဲ့ သိန်းနဲ့ချီတဲ့ ပြည်သူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ကိုလည်း ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဓိက ဝင်ငွေရလမ်းတွေဖြစ်တဲ့ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်းထောင်ချီရရှိနေတဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူနိုင်ဖို့ အမေရိကန် နိုင်ငံအနေနဲ့ ဖိအားပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါဥပဒေသစ်အရ မြန်မာနိုင်ငံက ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာတွေ တင် သွင်းမှုကိုလည်း တားမြစ်ထားပြီး စစ်အစိုးရကို ဆက်လက်ထောက်ပံ့နေတဲ့ ကုမ္ပဏီ တွေကိုပါ ဒုတိယအဆင့် အနေနဲ့ ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေကို လုပ်ဆောင်ဖို့ ထည့်သွင်းထားပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တဖွဲ့ဖြစ်တဲ့ Global Witness အဖွဲ့ရဲ့ သဘာဝသယံဇာတ စီမံအုပ်ချုပ်မှုနှင့်မြန်မာ့မဟာဗျူဟာဆိုင်ရာ အကြီးအကဲ ပေါလ် ဒိုနိုဝစ်တ်ဇ်ကတော့ “မြန် မာစစ်တပ်ထိန်းချုပ်မှုအောက် ရောက်ရှိနေပြီး နှစ်စဉ်ဝင်ငွေဒေါ်လာ ၁ ဘီလီယံကျော် ရ ရှိနေတဲ့ ဓာတ်ငွေ့လုပ်ငန်းကို အမေရိကန်အစိုးရအနေနဲ့ ပစ်မှတ်ထား ဒဏ်ခတ် အရေးယူဖို့ ဖိအားပေးရပါမယ်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို အမေရိကန်ရဲ့ အထူးအရေးယူပိတ်ဆို့မယ့် စာရင်းထဲ အမြန်ဆုံး ထည့်သွင်းရပါမယ်”လို့ ပြောပါ တယ်။

ဒါ့အပြင် Global Witness အဖွဲ့အနေနဲ့ အဆိုပါဥပဒေသစ်အရ မြန်မာနိုင်ငံက ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာတွေ တင်သွင်းမှုတွေကို တားမြစ်ပိတ်ပင်သွားမှာကိုလည်း ကြိုဆိုတယ်လို့ ပြောပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် အစိုးရရဲ့ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေ လုံးလုံးလျားလျား ပျက်ပြားစေခဲ့ပြီး ပြည်သူ့ကျန်းမာရေးအကျပ်အတည်းတွေနဲ့အတူ ကပ်ဘေးတခုအဖြစ် ပြောင်းလဲစေခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက် ပြေးနေကြရတဲ့ ပြည်သူတွေကို ထောက်ပံ့တဲ့ စားနပ်ရိက္ခာအထောက်အပံ့တွေကို တပ်မတော်က တားဆီးပိတ်ပင်တာမျိုးဟာလည်း ရာဇ၀တ်မှုမြောက်တယ်လို့ Global Witness ကဆိုပါတယ်။

ခုပြဋ္ဌာန်းမယ့် ဥပဒေကြမ်းအရ စစ်တပ်က မတရားခိုးယူထားတဲ့ ဝင်ငွေရပေါက်ရလမ်းတွေက ပိတ်ဆို့ပြီး မြန်မာပြည်သူ ပြည်သားတွေကို လမ်းလွှဲပေးမယ့် ငွေရေးကြေးရေးအထောက်အပံ့တွေကို အမေရိကန်အနေနဲ့ သေချာအောင်လုပ်ဆောင်ရမယ်လို့ ပေါလ် ဒိုနိုဝစ်တ်ဇ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013