DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ်ထဲက စစ်ကောင်စီ သတင်းပေး ၁ ဦး ပစ်သတ်ခံရ
DVB
·
October 4, 2021
မတ္တရာမြို့နယ်ထဲက စစ်ကောင်စီ သတင်းပေး ၁ ဦး ပစ်သတ်ခံရ
Donate to DVB

မတ္တရာမြို့နယ်ထဲက စစ်ကောင်စီ သတင်းပေးတယောက် ဒီနေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန်ဖြူရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးအုန်းမောင်ရဲ့ သားဖြစ်သူ ကျော်ဦး(ခ) ဘဲကျောင်းသားဟာ မနက် ၁၁ နာရီလောက်က ရွာနားမှာပဲ ပစ်ခတ်ခံခဲ့ရတာပါ။

“ကန်ဖြူ လက်ကောင်းကြီးလမ်း အရှေ့ဘက်မှာ ပစ်ခံရတာ။ ပိတောက်ပင်အောက်မှာ။ ၁၂ နာရီကျော် လောက်မှာတော့ ရဲတွေက ဆိုင်ကယ် ၇ စီးနဲ့လာပြီး အလောင်းသယ်သွားတယ်။ ပစ်တာက PACF (People Alliance Collective Force)အဖွဲ့က လို့ သိရတယ်။ မန္တလေးတိုင်းအခြေစိုက်အဖွဲ့ပါ” လို့ ဒေသခံတယောက်က ပြောပါတယ်။

သူဟာ ကန်ဖြူ၊ လက်ကောင်းကြီးလမ်း မန်ကျည်းသုံးပင်ထိပ်တလျှောက် စစ်သားနဲ့ ရဲတွေလာသမျှလမ်းကြောင်းမှာ သတင်းပေးလုပ်နေတာဟာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီမတိုင်ခင်ကလည်း ရဲတွေနဲ့ပေါင်းပြီး အမှုပွဲစားနဲ့ သတင်းပေးလုပ်နေတာ ၁၀ နှစ်လောက်ရှိပြီလို့လည်း ဆိုပါတယ်။

အခုလို သေဆုံးတာကို အချင်းချင်း စကားများရန်ဖြစ်ပြီး သေတာလို့ ရဲတွေက သတင်းလွှင့်နေကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။ အခုအချိန်အထိတော့ ဒါနဲ့ ပတ်သက်ပြီး ရွာတွေကို စုံစမ်းစစ်ဆေးတာမျိုးတော့ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013