
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့အနီးမှာ အောက်တိုဘာ ၄ ရက် ဒီနေ့မနက် ၁၁ နာရီလောက်က မုံရွာ-ရေဦး ကားလမ်းမပေါ် ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ကျနော်တို့ မုံရွာ၊ ဘုတလင်၊ ရေဦး၊ တန့်ဆည်က ပြည်သူ့ကာကွယ်ရေးတပ်တွေက အိမ်စီးကားတွေ မှန်ချမောင်းဖို့ တခြားကုန်ကားတွေမိုးကာ မအုပ်ဘဲ မောင်းကြဖို့ အကြိမ်ကြိမ် စာထုတ်အသိပေးတာတွေလည်း ရှိတယ်ဗျ။ အခုဟာက စစ်ကောင်စီ ရိက္ခာပို့တဲ့ ထောက်ပို့ကား ဖြစ်လို့ မိုင်းခွဲကြတာထင်တယ်။ ဟီးနိုးကားကြီးတစ်စီးနဲ့ ဒိုင်နာကားမိုင်းမိတယ်ထင်တယ်။ သူတို့က မိုးကာတွေ အုပ်မောင်းလာကြတာ။ မိုင်းက ထိထိမိမိ မိတာမဟုတ်တော့ အပျက်စီးအနည်းငယ်ပဲ ဖြစ်လိမ့်မယ်”လို့ ဒေသခံတစ်ဉီးက ပြောပါတယ်။
အဆိုပါဖောက်ခွဲမှုဟာ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းလက်ချက် ဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။
မိုင်းပေါက်ကွဲခဲ့လို့ အကြမ်းဖက် စစ်တပ်လာရောက်စစ်ဆေးပြီး ကျေးရွာတွေအတွင်း ဖျက်ဆီးမီးရှို့တာမှာကို စိုးရိမ်နေကြရတယ်လို့ရွာသားတွေက ပြောပါတယ်။