ဂျပန်က ကူရေးလ်ကျွန်းစုအရှေ့ဖျားပိုင်းက အစ်တူးရပ်ကျွန်းဆီ ဩဂုတ်လက သွားရောက် လည်ပတ်မှုကို ရုရှားက ကန့်ကွက်ပြီးတဲ့နောက် နှစ်နိုင်ငံဆက်ဆံရေး ယိုယွင်းပျက်စီးမှုအတွက် ဂျပန်မှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၁ ရက်မှာ ပြောပါတယ်။
ရုရှားနဲ့ ဂျပန်တို့ဟာ ဂျပန်က အဲတိုရိုဖှုလို့ ခေါ်တဲ့ အစ်တူရတ်ပ်ကျွန်းနဲ့ ဂျပန်မြောက်ပိုင်းစီရင်စု ဟော့ကိုင်းဒိုးကျွန်းမကြီးနားက တခြားကျွန်း ၃ ကျွန်းတို့နဲ့ ပတ်သက်ပြီး နယ်မြေအငြင်းပွားမှုမှာ ပါဝင်ပတ်သက်နေတာပါ။
ရုရှားရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကျွန်း ၄ ကျွန်းကို ဂျပန်မှာ မြောက်ပိုင်းနယ်မြေတွေလို့ ခေါ်ပြီး ရုရှားကတော့ တောင်ပိုင်းကူရေးလ်ကျွန်းတွေလို့ ခေါ်ကြပါတယ်။
ကာဂျစ္စတန်နိုင်ငံဆီ သူ့ခရီးစဉ်ကို အကျဉ်းချုပ်ပြောဖို့ ဘစ်ရှ်ကက်မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပူတင်က အစ်တူးရပ်ကျွန်းဆီ ခရီးစဉ်အပေါ် ဂျပန်ရဲ့တုံ့ပြန်မှုကို အံ့အားမသင့်မိဘူးလို့ ပြောပါတယ်။
ရုရှားဟာ ဂျပန်နဲ့ ဆက်ဆံရေးကို ဂရုတစိုက်ကိုင်တွယ်ခဲ့ပြီး ပိုဆိုးရွားအောင် ဘယ်ခြေလှမ်းမှ မလှမ်းခဲ့ဘူးလို့လည်း ပူတင်က ပြောပါတယ်။
ပူတင်ဟာ သြဂုတ်လမှာ အစ်တူးရပ်ကျွန်းဆီ သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဂျပန်က ဒီခရီးစဉ်ကို လက်မခံနိုင်ဘူးလို့ ပြောခဲ့ပြီး ရုရှားကို ကန့်ကွက်ခဲ့ပါတယ်။
ဂျပန်က ကျွန်းတွေကို သူတို့ရဲ့ အမွေအနှစ် ပိုင်နက်နယ်မြေအဖြစ် ပြောဆိုထားပြီး ရုရှားကလည်း ရုရှားနယ်မြေရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့ ပြောထားပါတယ်။
ဒီအငြင်းပွားမှုကြောင့် နှစ်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ကို တရားဝင်အဆုံးသတ်တဲ့ ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်မထိုးနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။
Source: Reuters











