DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ၂၄ ဦးသေဆုံး
DVB
·
October 3, 2021
ကေအန်ယူနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ၂၄ ဦးသေဆုံး
Donate to DVB

ကေအန်ယူတပ်မဟာ (၅) နယ်မြေ မူတြော်ခရိုင်မှာ  ကေအန်အယ်လ်အေ(KNLA)နဲ့ စစ်ကောင်စီတပ်တွေ  စက်တင်ဘာ ၃၀ ရက်က တရက်တည်း ရင်ဆိုင်တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က  ၂၄ ယောက်  သေဆုံးကာ အယောက် ၃၀ လောက်  ဒဏ်ရာရသွားတယ်လို့ ကေအန်ယူက ဒီကနေ့ အောက်တိုဘာ ၃ ရက်မှာ သတင်းထုတ်ပါတယ်။

ကေအန်အယ်လ်အေ တပ်ရင်း (၁၀၂ )၊ တပ်ခွဲ (၂)နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး  စကခ (၈) လက်အောက်ခံ ခမရ (၄၀၈)က စစ်သား ၂၄ ယောက်  သေဆုံးကာ အယောက် ၃၀  ထိခိုက်ဒဏ်ရာသွားတာ ဖြစ်ပြီး ဒဏ်ရာရသူတွေအထဲမှာ တပ်ရင်းမှူးအဆင့် ၂ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်းမှာ ကေအန်ယူဘက်က စစ်သည်တွေ ထိခိုက်ဒဏ်ရာရသေဆုံးတာ မရှိဘူးလို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်တွေ နယ်မြေကျူးကျော်စစ်အင်အားဖြည့်တင်းနေကြောင်းနဲ့ ကေအန်ယူ တပ်မဟာ ၅ အနေနဲ့ မိမိနယ်မြေကို ခုခံထိန်းသိမ်းဖို့နဲ့  ထိန်းချုပ်နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်တွေ နယ်မြေစိုးမိုးမှုမရရှိစေဖို့ ဆောင်ရွက်နေကြောင်းလည်း ကေအန်ယူ သတင်းမှာဖော်ပြပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ကလည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)တိုင်းမှူး မြဝတီမြို့ကိုသွားရောက်စဉ် ကေအန်ယူတပ်မဟာ ၆ နယ်မြေကို ကျူးကျော်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူတို့ ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က အနည်းဆုံး ၄ ဦး ထိခိုက်ဒဏ်ရာ ရသွားပါတယ်။

မြန်မာနိုင်ငံ ဒေသအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ နေ့စဉ်လိုလို ထိခိုက်ဒဏ်ရာရ သေဆုံးနေတဲ့ သတင်းတွေကို စစ်တပ်ပိုင် မီဒီယာတွေနဲ့ စစ်ကောင်စီပြန်ကြားရေးက တကြိမ်မှ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Photo-KNU

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013