DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာ ပဋိပက္ခ ဘေးဒဏ်ခံရသူများအတွက် တိုက်ခန်းနှင့် လုံးချင်းအိမ်များ စဆောက်
DVB
·
December 26, 2013
မိတ္ထီလာ ပဋိပက္ခ ဘေးဒဏ်ခံရသူများအတွက်  တိုက်ခန်းနှင့် လုံးချင်းအိမ်များ စဆောက်
Donate to DVB

အခုနှစ်ဆန်းပိုင်းက မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း မီးလောင်ပျက်စီးခဲ့တဲ့ အေးချမ်းသာယာရပ်ကွက်မှာ တိုက်ခန်းတွဲနဲ့ လုံးချင်းအိမ်တွေ ဆောက်လုပ်ဖို့ စတင် လုပ်ဆောင်နေပါတယ်။

[caption id="attachment_49188" align="alignright" width="300"]မိတ္ထီလာ ပဋိပက္ခ ဖြစ်ပွားစဉ် မိတ္ထီလာ ပဋိပက္ခ ဖြစ်ပွားစဉ်[/caption]တိုက်ခန်းပေါင်း ၇၀၀ ကျော်နဲ့ လုံးချင်းအိမ်ပေါင်း ၂၀၀ ကျော်ဆောက်လုပ်ဖို့ လုပ်ငန်း စတင်နေပြီလို့ ဆောက်လုပ်ရေးအလှူရှင် ရောင်နက်ဗလီမိသားစုက ဆောက်လုပ်ရေး ကြီးကြပ်သူ ဦးခင်နန်းက ပြောပါတယ်။

“ကျနော်တို့က သုံးထပ်အဆောက်အုံကို ဗလီက လှူမှာ ခြောက်ခန်းတွဲ သုံးထပ် အဆောက်အုံ အလုံး ၃၀ နဲ့ ၅၀ ကြားဆောက်ပြီး လှူသွားမှာပါ။ လုံးချင်းအိမ်ရာ ၁ ထပ်တိုက်တွေလည်း ဆောက်ပေးမှာပါ။ ပေ ၃၀ နဲ့ ပေ ၅၀ မပြည့်တဲ့ မြေအိမ်ပိုင်ရှင်တွေကို အထပ်မြင့်မှာ နေရာပေးပြီး ပေ ၂၀ ပေ ၄၀ အခန်း ရေချိုးခန်း၊ ရေလောင်းအိမ်သာအပါအ၀င် သုံးထပ်အအောက်အအုံ ခြောက်ခမ်းတွဲမှာ နေရာပေးမယ်။”

အေးချမ်းသာယာရပ်ကွက်မှာ ပဋိပက္ခမဖြစ်ခင်က နေထိုင်ခဲ့တဲ့ ပြည်သူတွေအားလုံးရဲ့ သဘောတူညီချက်နဲ့ အိမ်ရာသစ်တွေ ဆောက်လုပ်တာလို့ ပြောပါတယ်။

မိတ္ထီလာပဋိပက္ခဖြစ်ပွားပြီး ၉ လလောက်ကြာမှ နေအိမ်တွေပြန်ဆောက်ဖို့ လုပ်ငန်း စတင်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိ မြို့ပေါ်ဒုက္ခသည်စခန်းတွေမှာ လူဦးရေ ၅၀၀၀ လောက် ခိုလှုံနေကြရတုန်း ဖြစ်ပါတယ်။

ဒီဒုက္ခသည်တွေဟာ အခု နေအိမ်တိုက်ခန်းတွဲတွေ ပြန်ဆောက်ဖို့လုပ်နေတဲ့ ချမ်းအေးသာယာ ရပ်ကွက်နေပြည်သူတွေ အများစုဖြစ်ပြီး နေအိမ်တိုက်ခန်းတွဲတွေ ပြန်တည်ဆောက်ပြီးရင် ဒုက္ခသည်စခန်းနေ လူဦးရေ ၃၀၀၀ ကျော် ပြန်လည်နေရာချထားနိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လထဲ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာပဋိပက္ခတွေအတွင်း လူ ၄၀ ကျော် သေဆုံးခဲ့ပြီး လူဦးရေ ၁ သောင်းလောက် ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013