DVB Logo
Home
Lead Story
ရာသီဥတုအေးတဲ့အတွက် အနေအထိုင် ဆင်ခြင်ကြဖို့ လိုတယ် - ဒေါက်တာမြင့်ဦး
DVB
·
December 26, 2013
ရာသီဥတုအေးတဲ့အတွက် အနေအထိုင် ဆင်ခြင်ကြဖို့ လိုတယ် - ဒေါက်တာမြင့်ဦး
Donate to DVB

ရန်ကုန်မြို့မှာ အခုရက်ပိုင်း အအေးဒဏ်ကြောင့် နှာစေး၊ ချောင်းဆိုး၊ ဖျားနာသူတွေ များတယ်။ အနေအထိုင် ဆင်ခြင်သင့်တယ်။ အေးတော့ ရေသောက်နည်းကြတယ်။ တနေ့ ရေ ၂ ပုလင်းလောက် အနည်းဆုံး သောက်ပေးသင့်တယ်။ 1173601_188757137971739_824109972_nမကြာခင် နှစ်သစ်ကူးကာလ ကျော်ဖြတ်ရတော့မှာဖြစ်တဲ့အတွက် အရက်မူးမလွန်အောင် သတိပေးချင်တယ်လို့ ရန်ကုန်မှာ ဂျီပီဆေးခန်းဖွင့် ဆေးကုသနေတဲ့ ဆရာဝန်ဒေါက်တာဦးမြင့်ဦးက ပြောပါတယ်။

ဒေါက်တာဦးမြင့်ဦးကို ဆက်သွယ်မေးမြန်းချက်။

ဆရာ အခု အအေးပိုနေတော့ ဘယ်လိုရောဂါမျိုးတွေဖြစ်ကြလဲ။

တော်တော်များများကတော့ လည်ပင်းနာတယ် အအေးပတ်တယ် နှာစေး ချောင်းဆိုး ပေါ့၊ လူကြီးကောကလေးကော ဒီရက်ထဲမှာများတယ်။ ချမ်းတယ်၊ ငှက်ဖျားတော့ မဟုတ်ပါဘူး သာမန် ဗိုင်းရပ်စ်ပိုးနဲ့ ဖြစ်တဲ့ ရောဂါ ပိုးလောက်ပါပဲ။ ဆေးရုံတက်ရတဲ့အဆင့်တော့ မဟုတ်ပါဘူး။

ဒါဆို အေးလွန်းလို့ဖြစ်တဲ့ ရောဂါပေါ့နော်။

မှန်တယ်၊ အေးတဲ့အချိန်မှာ အများစု လူတိုင်းနီးပါးပေါ့၊ ဆေးခန်းတွေမှာ တနေ့ကို အယောက် ၄၀ လာတယ်ဆိုရင် ၃၀ ကျော်လောက်က သာမန် နှာစေး ချောင်းဆိုး ဖျားပေါ့။ နှစ်ရက် သုံးရက် ဆေးကုပေးလိုက်ရင် သက်သာသွားကြတာများပါတယ်။

ဆရာ၊ အဲဒါ အနေအထိုင်မဆင်ချင်လို့လား။ ဘာကြောင့်လဲရှင်းပြပေးပါ။

ရာသီဥတုအေးလာတယ်။ အဲဒီ့အခါ အရင်နေသလို နေလိုက်တယ် မဆင်ခြင်ဘူးပေါ့ဗျာ။ ခပ်စောစော ရေချိုးတာတို့၊ အနွေးထည်မဝတ်ဘဲ အပြင်ထွက်တာတို့ စတာတွေ၊ နှာတယောက်က ချေလိုက်တယ်။ ဒါကို နောက်တယောက်ဆီ ကူးသွားတယ်။ ဗိုင်းရက်စ်ပိုးတမျိုး လို့ ယူဆပါတယ်။ အန္တရာယ်တော့ မရှိပါဘူး။ အရင်တုန်းကလို အပြင်းအထန် ဖျားတာမျိုး မတွေ့ရဘဲ နှစ်ရက်သုံးရက်လောက်ပဲ ဖျားတာတွေ့ရပါတယ်။

အဲဒါ ဘယ်လို နေထိုင်စားသောက်သင့်တယ်ဆိုတာလေး နည်းနည်းလောက် အကြံပေးပါဦး။

အခုလို အေးတဲ့ချိန်မှာ အနွေးထည်ထူထူ ဝတ်မယ်။ စောစောနိုးတယ်ဆိုလည်း ထပြေးတာပဲဆိုပြီး ဘောင်းဘီတို စွပ်ကျယ်လေးနဲ့ မဟုတ်ဘဲ အနည်းဆုံး ရင်ဘက်ကို အကာဖြစ်မယ့် အောက်ခံ တခုခုကို ဝတ်ပြီးပြေးတာမျိုးပေါ့။ နောက် ရေများများသောက်ဖို့ လိုပါတယ်။ အေးတဲ့အတွက် လူတွေဟာ ရေသောက်နည်းသွားကြတာတွေ ရေဓာတ်ခန်းခြောက်တာတွေ လည်ပင်းနာတာတွေ အာခြောက်တာတွေ ကစပြီး ပိုးဝင်တာတွေအထိ ဖြစ်နိုင်ပါတယ်။ ပြောချင်တာက ရေနှစ်ပုလင်းထက်ပိုပြီး သောက်ဖို့ လိုပါတယ်။ နေပူဆာလှုံလို့ ရပါတယ်။ နေ့ခင်းအချိန်မှာ သို့မဟုတ် နေထွက်ချိန်မှာတို့မှာ နေပူဆာလှုံလို့ ရပါတယ်။ ကမ်းနားတွေမှာ ရေကန်တွေမှာ စိမ်ပြီးတော့ ရေချိုးတာမျိုးတွေ မလုပ်ဖို့ လိုပါတယ်။ ဒီနေ့ကစပြီး အအေးတွေ တော်တော်လေးပေါ့တယ်။ အရင်ရက်တွေက တော်တော်လေးအေးတယ်။ တော်တော်များများက အကွယ်အကာမရှိဘဲ homeless လို့ ခေါ်မှာပေါ့။ အဲဒီ့လို ကလေးတွေမှာ ပိုပြီးတော့ ဒုက္ခရောက်တယ်။ တချို့လည်း အနွေးထည်တွေ သွားရောက်လှူတာ တွေ့ရပါတယ်။

အခုဆို new year ရောက်ကျတော့မယ်။ လူငယ်တွေလည်း ပျော်ကြ ပါးကြပေါ့၊ ဘာတွေ ဆင်ခြင်သင့်လဲ ဆွေးနွေးပေးပါဆရာ။

နှစ်စဉ် နှစ်စဉ်ဖြစ်နေကြတာပေါ့ဗျာ။ အရက်သောက်တယ်၊ အပျော်အပါးလွန်ကြတာပေါ့။ နှစ်ကူးဆိုတာ လူတိုင်းပျော်ပါတယ်။ နိုင်ငံတကာမှာလည်း ပျော်ကြတာပေါ့နော်။ ကျနော်တို့ ကြည်ရမှာက မူးပြီးတော့ မရူးဖို့ပေါ့နော်။ အရက်ကလည်း နေရာတကာမှာ ရနေတယ်။ မူးပြီးတော့ တယောက်နဲ့ တယောက် ရန်မဖြစ်ဖို့ပေါ့နော်။ နှစ်ကူးမှာ ပျော်ပျော်ပါးပါး ဆင်နွှဲပါ။ မမူးပါနဲ့။ မရူးပါနဲ့လို့ပဲ ပြောချင်ပါတယ်။ အေးတဲ့ရာသီမှာ နွေးနွေးထွေးထွေးနဲ့ ဆင်နွှဲကြပါလို့ ပြောချင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013