DVB Logo
Home
Lead Story
ကမ္ဘောဒီးယား မြေယာ တက်ကြွလှုပ်ရှားသူ ဆက်လက်တိုက်ပွဲဝင်
DVB
·
December 26, 2013
ကမ္ဘောဒီးယား မြေယာ တက်ကြွလှုပ်ရှားသူ ဆက်လက်တိုက်ပွဲဝင်
Donate to DVB

အသက် ၃၀ ရှိပြီဖြစ်တဲ့ ယွမ်းဘိုဖာက ကမ္ဘောဒီယားနိုင်ငံ မြေယာသိမ်း လှုပ်ရှားမှုရဲ့ရှေ့တန်းမှာ ပါဝင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ သူရဲ့ နောက်မှာတော့ ကမ္ဘောဒီးယားမှာ မကြာခင်က ဖြစ်ခဲ့တဲ့ မြေသိမ်းယူမှုတွေအတွက် ဒေါသထွက်နေကြတဲ့ ကန့်ကွက်ဆန့်ကျင်သူ ၃၀၀ လောက်ရှိပါတယ်။

[caption id="attachment_49154" align="alignright" width="300"]Cambodia_Land_Activist_web_131221_672 ယွမ်းဘိုဖာ[/caption]

အဲဒါက လွန်ခဲ့တဲ့နှစ် စက်တင်ဘာလက ကန့်ကွက် ဆန္ဒပြမှုဖြစ်ပြီး အဲဒီမှာ ယွမ်းဘိုဖာကို အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ တရားရုံးချုပ်က သူ့ကို အကျဉ်းထောင်က ပြန်လွှတ်ပေးခဲ့ပါတယ်။

သူလွတ်လာတဲ့အချိန်မှာ ထောက်ခံအားပေးသူတွေကြောင့် ပျော်ရွှင်နေတဲ့ ကလေး တယောက် မိခင်ဖြစ် ယွမ်းဘိုဖာက “ကျမက ထောက်ခံအားပေးသူတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ ကျမတို့ရွာက လူတွေနဲ့ နိုင်ငံတကာ တက်ကြွလှုပ်ရှားသူတွေကို ကျေးဇူးတင်ချင်ပါတယ်။ ကျမ က အဲဒါကို မေ့မှာမဟုတ်ပါဘူး။ ရှင်တို့ကို သိပ်ကျေးဇူးတင်ပါ တယ်” လို့ ဆိုပါတယ်။

ယွမ်းဘိုဖာက မြေယာအခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ဘိုအန်းကတ် အမျိုးသမီး                တက်ကြွ လှုပ်ရှားသူ ၁၃ ယောက်ထဲမှာ ၁ ယောက်အပါအ၀င် ဖြစ်ပါတယ်။

မကြာခင်နှစ်တွေက အရင်က ဘိုအန်းကတ်ရေကန်ကနေ ထောင်နဲ့ချီတဲ့ မိသားစုတွေဟာ ကွန်ဒိုတွေနဲ့ တခြားအဆောက်အဦတွေအတွက် ၂၀၀၇ ခုနှစ်ကတည်းက အတင်းနေရာ ဖယ်ခိုင်းခံခဲ့ရတာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကတော့ ယွမ်းဘိုဖာကို  ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူလို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ပြီး သူ့ရဲ့အဖွဲ့ဝင်တွေကို အရေးယူ ဆောင်ရွက်ကြဖို့ တောင်းဆိုပေးခဲ့ပါတယ်။

“ကျမ လွတ်လာတဲ့အတွက် ပျော်ပါတယ်။ ကျမက ကမ္ဘောဒီးယားက မြေယာတွေကနေ နှင်ထုတ်နေတာတွေကို ဆန့်ကျင် တိုက်ပွဲဝင်သွားမှာပါ။ ကျမက လှုပ်ရှားမှုတွေ အားလုံးမှာ ပါဝင်မှာ ဖြစ်ပြီး ကျမ ထောင်ထဲ ပြန်ရောက်သွားနိုင်ပေမယ့် တနိုင်ငံလုံးမှာ မြေတွေ သိမ်းယူနေတဲ့ အမှုအခင်းတွေအတွက် တိုက်ပွဲဝင်သွားမှာပါပဲ။ ကျမ အသက်သေတဲ့အထိ တိုက်ပွဲဝင်သွားမှာပါ။ အဲဒါ ကျမရဲ့ ဆုံးဖြတ်ချက်ပါပဲရှင်။”

လူ့အခွင့်အရေးအုပ်စုတွေကတော့ ယွမ်းဘိုဖာကို တရားစွဲဆိုထားတာတွေဟာ နိုင်ငံရေး အခြေခံနဲ့ လုပ်တာဖြစ်တယ်လို့ ပြောနေကြတာ ကြာပါပြီ။ သူတို့က သူ့ကို စွဲဆိုထားတာတွေဟာ မှားယွင်းနေပြီး သူဟာ သူရဲ့လှုပ်ရှားမှုတွေကြောင့် ဦးတည်တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် သက်သေအထောက်အထား မရှိပေမယ့် ဒီနှစ် ဇွန်လထဲမှာ ကမ္ဘောဒီယား အယူခံတရားရုံးက သူ့ကို အပြစ်ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။

တရားရုံးချုပ်က ဒီနှစ် နိုဝင်ဘာလထဲမှာ သူ့ကို လွှတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် ယာယီသာ ဖြစ်ပြီး အာမခံနဲ့ လွှတ်ပေးလိုက်တာပါ။

သူ့အမှု အယူခံတရားရုံးကို ပြန်တင်ပေးခဲ့ပြီး သူဟာ အမှု ပြန်လည်စစ်ဆေးတာကို ခံယူရပါလိမ့်မယ်။

ဘိုဖာကို ထောင်ထဲ ပြန်ပို့နိုင်တယ်လို့ စိုးရိမ်နေတဲ့ လူအခွင့်အရေးအုပ်စုဝင် ချန်စ၀ပ်က “အဲဒါက ပုံမှန်လွှတ်ပေးတာ မဟုတ်တဲ့အတွက် သူကို ပြန်ဖမ်းဖို့က လွယ်ပါတယ်။ တကယ်လို့ သူမှာ အပြစ်မရှိဘူးဆိုရင် တရားရုံးချုပ်က သူ့အမှုကို အယူခံတရားရုံးကို လွှဲပြောင်းမပေးသင့်ပါဘူး။ ကျနော်တို့ သူ့အတွက် စိုးရိမ်ပါတယ်။ အယူခံတရားရုံးက သူ့ကို အချိန်မရွေး ပြန်ဖမ်းနိုင်ပါတယ်။ အဲဒါဟာ သူအတွက် ကံကောင်းတာတော့ မဟုတ်ဘူး”လို့ ပြောပါတယ်။

တရားရုံးရဲ့ အပြင်ဘက်မှာတော့ ဆုံးဖြတ်ချက်ကို ကြားလိုက်ရတဲ့ လူအုပ်ကြီးဟာ အပျော်နဲ့ ဒေါသတရားတွေ ရောထွေးပေါက်ကွဲနေပါတယ်။

ဘိုအန်းကတ်အုပ်စုရဲ့ခေါင်းဆောင် တက်ပ်ဝန်နီကတော့ သူရဲ့ လုပ်ဖော်ကိုင်ဘက် ဖြစ်သူရဲ့ လူ့အဖွဲ့အစည်းအတွက် စူးစူးနစ်နစ် ဆောင်ရွက်မှုအတွက် ချီးကျူးခဲ့ပါတယ်။

“သူ ရှိနေတာက ကျမတို့က တိုင်းပြည်ရဲ့မြေနေရာတွေက နှင်ထုတ်နေမှုတွေကို တခါ ပြန်ပြီး တိုက်ပွဲဝင်ဖို့ ကျမတို့ လူ့အဖွဲ့အစည်းကို မျှော်လင့်ချက်အသစ် ရှိလာစေပါတယ်ရှင်။”

သူ့သမီးအတွက် ဆုတောင်းပေးနေတဲ့ ဘိုဖာရဲ့ အမေ အသက် ၆၀ အရွယ် ဆာဘိုဆော့က “ကျမက ဒီ တရားရုံးကို သူအပေါ် စွဲဆိုထားတဲ့အမှုကို တရားဝင် ရုပ်သိမ်းပေးလို့ စေချင်ပါတယ်ရှင်” လို့ ဆိုပါတယ်။

ယွမ်းဘိုဖာကတော့ ပြန်ပြီး တရားရင်ဆိုင်ဖို့ စောင့်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အကျဉ်းထောင်ထဲမှာ ရက်ပေါင်း ၄၀၀ ကျော် နေထိုင်ခဲ့ရပြီးတဲ့အချိန်မှာ သူက သူ့ဘ၀အတွက် နည်းနည်းမှ မပူပင်တော့ပါဘူး။

“ကျမက အစိုးရကို လူတွေကို အတင်းအကျပ် နှင်ထုတ်နေတာ အမျိုးသမီးအခွင့်အရေး တွေကို အကြမ်းဖက် ချိုးဖောက်နေတာတွေကို ရပ်ဆိုင်းဖို့ အကြောင်းကြားစာ ပေးပို့ ထားပါတယ်။ သူတို့ လူ့အခွင့်အရေးကို လေးစားရမယ်လေ။”

ဘိုရင်းနောင်းက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့တော်ကနေ သတင်းပေးပို့ ထားပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013