DVB Logo
Home
မြန်မာသတင်း
စခန်းသိမ်းတိုက်ပွဲ စတင်မည်ဟု ပြည်သူ့တော်လှန်ရေးတပ်မတော် ကြေညာ
DVB
·
October 1, 2021
စခန်းသိမ်းတိုက်ပွဲ စတင်မည်ဟု ပြည်သူ့တော်လှန်ရေးတပ်မတော် ကြေညာ
1 / 11
Donate to DVB

လူအင်အားနဲ့ လက်နက်အင်အားရှိလာပြီဖြစ်တဲ့အတွက် စခန်းသိမ်းတိုက်ပွဲတွေ စတင်တော့မယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော် PRA က စစ်အာဏာသိမ်းပြီး ၈ လအကြာမှာ ကြေညာ လိုက်ပါတယ်။ 

စစ်အာဏာသိမ်းပြီးကတည်းက စစ်သင်တန်းတွေပေးခဲ့တဲ့ ပြည်သူ့တော်လှန်ရေးတပ် PRA ဟာ ၈ လအကြာမှာ စစ်သင်တန်း အပတ်စဉ် ၉ အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး လူအင်အားနဲ့ လက်နက်အင်အား ရှိလာပြီဖြစ်တဲ့အတွက် စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲတော့မယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော်ရဲ့ ဗိုလ်ဂျပန်ကြီးက ပြောပါတယ်။ 

“ကျနော်တို့  ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) မှာ အကြမ်းဖက်မင်း‌အောင်လှိုင်သစ္စာခံ အကြမ်းဖက်တပ်ကို တိုက်ခိုက်ဖို့ရာ လုံလောက်တဲ့ အင်အားရရှိလာတာကြောင့် အခုလို စစ်ကြေညာရတာပါ။ အခုလို စစ်ကြောညာပြီးပြီဆိုတော့ ကျနော်တို့သင်တန်းတွေကို ခဏနားထားမယ်ဗျ။ အခုလည်း စစ်ကောင်စီတွေရဲ့ လုံခြုံရေးတင်ကြပ်ထားတဲ့ကြားက ကျနော်တို့သင်တန်းအမှတ်စဉ် ၉ အထိ သင်တန်းပေးနိုင်ခဲ့တယ်။ မိန်းကလေးသင်တန်းက အမှတ်စဉ် ၂ အထိ သင်တန်းပေးနိုင်ခဲ့တယ်။ အခုလို လုံလောက်တဲ့အင်အားရလာပြီဆိုတော့ ကျနော်တို့တိုက်ခိုက်ရေးဘက်ပြုလုပ်တော့မှာကြောင့် အခုလိုစစ်မျက်နှာဖွင့်ကြောညာရတာပါလို့ ပြောပါတယ်။

ပြည်သူ့တော်လှန်ရေးတပ် PRA ဟာ မြန်မာနိုင်ငံတဝန်း ပြောက်ကျားတပ်သားတွေ ဖြန့်ထားတဲ့ အဖွဲ့ဖြစ်ပြီး စစ်ကောင်စီက ပြည်သူတွေကို အနိုင်ကျင့်အကြမ်းဖက်နေတာကို ရပ်တန်းကရပ်ဖို့ တိုက်တွန်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။

ပြည်သူတွေဟာ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့် စားဝတ်နေရေးအခက်အခဲကြုံနေ ရသလို ကိုဗစ်-၁၉ ဒဏ်ကြောင့် ရပ်တည်ရခက်ခဲနေတဲ့အတွက် စစ်မျက်နှာတွေကို စောစောဖွင့်နိုင်ဖို့ ကြိုးစားတာလို့ ပြည်သူ့တော်လှန်ရေးတပ် PRA တာဝန်ရှိသူတစ်ဦး ပြောပါတယ်။ 

စက်တင်ဘာ ၇ ရက်နေ့တုန်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG က တုံ့ပြန်စစ်ဆင်နွှဲဖို့ ကြေညာချက်ကိုလည်း ပြည်သူ့တော်လှန်ရေးတပ် PRA က ထောက်ခံခဲ့ပါတယ်။ 

PRA ဟာ အမျိုးသားညီညွတ်ရေးအစိုးရက တရားဝင်အသိအမှတ်ပြုထားတဲ့အဖွဲ့ဖြစ်ပြီး နိုင်ငံတကာစစ်စည်းကမ်းတွေကို လေးစားလိုက်နာသွားမယ်လို့ PRA တာဝန်ရှိသူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၇ ရက်နေ့က တွန်းလှန်စစ်ခေါ်ပြီး အချိန်တစ်ပတ်အကြာ စက်တင်ဘာ ၁၄ ရက်နေ့အထိ နိုင်ငံတဝှမ်းမှာ စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်လို့ သေဆုံးတဲ့ ပြည်သူ ၇၈ ယောက်အထိ ရှိခဲ့ပါတယ်။ 

အချိန်တစ်ပတ်အတွင်း အနောက်မြောက်တိုင်း စစ်ဒေသတည်ရှိရာ မကွေးတိုင်းမှာ ပြည်သူ ၃၁ ယောက်ကျဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာတော့ ပြည်သူ ၂၈ ယောက်အထိ ကျဆုံးခဲ့ပါတယ်။ 

သေဆုံးနှုန်းတွေအရ အနောက်မြောက်တိုင်းစစ်ဒေသကို စစ်ကောင်စီက အဓိက ဖိအားပေးတိုက်ခိုက်နေတာ တွေ့နိုင်ပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့တာတွေကို ရပ်တန်းကရပ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့  People Revolution Army (PRA) တာဝန်ရှိသူကပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013