DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့အဝင် ဂိတ်များတွင် စစ်ကောင်စီက အဓမ္မ ငွေကောက်ခံနေ
DVB
·
September 30, 2021
ရန်ကုန်မြို့အဝင် ဂိတ်များတွင် စစ်ကောင်စီက အဓမ္မ ငွေကောက်ခံနေ
1 / 2
Donate to DVB

ရန်ကုန်မြို့အဝင်က Zero Mile မှာ ဂိတ်စောင့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ခရီးသွားပြည်သူတွေဆီကနေ အဓမ္မ ပိုက်ဆံတောင်းယူနေတယ်လို့ ကိုယ်တိုင်ပေးခဲ့ရတဲ့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။

မကွေးတိုင်းထဲကနေ ရန်ကုန်ကို ကျန်းမာရေးကိစ္စနဲ့လာတဲ့ ခရီးသွားပြည်သူတစ်ဦးက ''ကျနော်တို့ကားဆိုရင် ထောက်ခံစာတွေ၊ မှတ်ပုံတင်တွေ၊ စာရွက်စာတမ်းတွေအစုံပါတယ်။ ကားပေါ်မှာ ၃ ယောက်ပါတာကို ၁ ယောက် ၁၀၀၀၀ နှုန်းနဲ့ ၃၀၀၀၀ တောင်းတယ်ဗျာ။ မပေးရင်ပြန်လည့်ခိုင်းတော့ ပေးခဲ့ရတယ်” လို့ ပြောပါတယ်။

ဖြတ်သွားဖြတ်လာ ခရီးသွားမော်တော်ယာဉ်တိုင်းကို တောင်းတာမဟုတ်ဘဲ သူတို့စိတ်ကူးပေါက်တဲ့ ယာဉ်တွေကိုတားပြီး တောင်းတာလို့ မျက်မြင်ခရီးသွားတဦးက ပြောပါတယ်။

ပဲခူးကနေ ရန်ကုန်ကိုပြန်လာတဲ့ ကုမ္ပဏီဝန်ထမ်းတဦးက “ပဲခူးကိုပစ္စည်းသွားပို့ပြီးပြန်လာတာ။ တစ်ယောက် ၁ သောင်းတောင်းတယ်။ ကုမ္ပဏီဝန်ထမ်းတွေမို့လို့ ရုံးကိုပြန်တောင်းလို့မရတဲ့ အကြောင်းရှင်းပြတာကိုမရဘူး။ မပေးရင် အကြာကြီးရစ်နေပြီး ပြန်လှည့်ခိုင်းတယ်။ လိုင်စင်တွေတောင်းကြည့်တယ်။ မစုံရင်တမျိုးနဲ့ ယာဉ်ထိန်းကိုအမှုဖွင့်ခိုင်းတယ်။ မသက်သာတော့လည်း ပေးခဲ့ရတာပေါ့။” လို့ ပြောပါတယ်။

နိုင်ငံနဲ့တဝန်း မြို့နယ်တွေရဲ့အဝင်အထွက်နေရာတွေမှာ အကြမ်းဖက်စစ်ကောင်စီက ကိုဗစ်-၁၉ကို အကြောင်းပြပြီး ဝါးတားဂိတ်တွေမှာ လမ်းသွားလမ်းလာပြည်သူတွေဆီကနေ ငွေကြေးအပါအဝင်၊ စားသောက်ကုန်ပစ္စည်းတွေကိုပါ ဇွတ်အတင်းတောင်းရမ်းနေကြတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013