DVB Logo
Home
Lead Story
ဆက်လက်ဖြစ်ပွားနေဆဲ ထိုင်းတောင်ပိုင်း ပဋိပက္ခ
DVB
·
December 25, 2013
ဆက်လက်ဖြစ်ပွားနေဆဲ ထိုင်းတောင်ပိုင်း ပဋိပက္ခ
Donate to DVB

မလေးရှားဒုက္ခသည်တွေ ပါဝင်တက်ရောက်ခဲ့တဲ့ နိုင်ငံတကာ စာတမ်းဖတ်ပွဲတခုကို ဆွီဒင် နိုင်ငံ လွှတ်တော်မှာ မကြာသေးခင်က ကျင်းပခဲ့ပါတယ်။

Sweden_Thai_Activist_web_131221_672စာတမ်းဖတ်ပွဲမှာ အဓိက ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ်ကတော့ ငြိမ်းချမ်းရေး ဖြစ်ပြီး ခန်းမကြီးဟာ ထိုင်းနိုင်ငံတောင်ပိုင်းက တက်ရောက်လာသူအများစုနဲ့ တခဏချင်းပဲ ပြည့်သွားခဲ့ပါတယ်။

သူတို့တွေဟာ မလေး မွတ်စလင်တွေ ဖြစ်ကြပြီး သူတို့ရဲ့ နေရင်းဒေသကို ပတ်တာနီလို့ ခေါ်တာကို ပိုပြီး လိုလားနှစ်သက်ကြပါတယ်။

မကြာခင်ကပဲ ထိုင်းတောင်ပိုင်း ဒါမှမဟုတ် တောင်ပိုင်းဒေသအတွင်းထဲကို သွားရောက်ခဲ့တဲ့ ဆွီဒင်လွှတ်တော် အမတ် မဲမက်ကက်ပ်လန်က “ကျနော်သွားလည်ခဲ့တုန်းက ကျနော် တွေ့ခဲ့ရတာက မတရား အဖိနှိပ်ခံနေရတဲ့ လူ့အဖွဲ့အစည်းတခုပါ။ အထူးသဖြင့် သူတို့ရဲ့ ယဉ်ကျေးမှု ဖော်ဆောင်တာကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့် မရနိုင်ဘူးလို့ ခံစားနေရတဲ့ လူငယ်တွေပါပဲ” လို့ ပြောပါတယ်။

ပတ်တာနီက အကြမ်းဖက်မှုတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုလောက်က ထိုင်းနိုင်ငံက သူတို့ရဲ့ ဘာသာစကားနဲ့ယဉ်ကျေးမှုတွေကို မလေးမွတ်စလင် လူ့အဖွဲ့အစည်းထဲကို သွတ်သွင်းဖို့ စလုပ်၊ တခါတရံ အင်အားသုံးပြီး ကြိုးစားခဲ့တဲ့အချိန်က စခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းက လူ ၃၀၀၀ ကျော် သေဆုံးသွားခဲ့ပြီး ထောင်ချီတဲ့ လူတွေဟာ မလေးရှားနိုင်ငံနဲ့ ဥရောပကို ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။

လွှတ်တော်အစည်းအဝေးမှာ ပရိသတ်အဖြစ် တက်ရောက်ခဲ့ကြသူတွေကတော့ ဆွီဒင် နိုင်ငံကို ထွက်ပြေး ခိုလှုံခဲ့ကြတဲ့ မလေးမွတ်စလင်တွေ ဖြစ်ကြပါတယ်။

သူတို့ဟာ ကီလိုမီတာပေါင်း ထောင်သောင်းချီဝေးတဲ့နေရာမှာတောင် အကြောက်တရားက ရှိနေကြဆဲ ဖြစ်ပါတယ်။

သူတို့ထဲက တယောက်ယောက်က သူတို့ရဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး ပြောပြချင်ချင်ပါသလားလို့ မေးမြန်းခဲ့ပါတယ်။ သူတို့အားလုံးက ငြင်းပယ်ကြပြီး လူငယ်တယောက်က “သူကိုမေးပါ”လို့ ပြောပြီး အဘူ ရာဆာ ဖီကရီ ကို လက်ညှိုးထိုးပြခဲ့ပါတယ်။

အဘူ ရာဆာ ဖီကရီ က ခွဲထွက်ရေးအုပ်စု ပီယူအယ်လ်အိုရဲ့ ဦးဆောင်အဖွဲ့ဝင် တယောက်ဖြစ်ပြီး ဆွီဒင်မှာ နေထိုင်ပါတယ်။

“ကျနော်တို့က ကျနော်တို့ရဲ့ အခွင့်အရေးတွေကို ရဖို့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ရစရာ မရှိတော့ဘူးလို့ ၁၉၇၆ ခုနှစ်ကတည်းက ဆုံးဖြတ်ခဲ့ကြပါတယ်။ ပတ်တာနီမှာ နေထိုင်ကြတဲ့သူ တွေ အားလုံးက လွတ်လပ်တဲ့နိုင်ငံတခုအဖြစ် မြင်ချင်နေကြတာပါ။ ကျနော်တို့က ကိုယ်ပိုင် အုပ်ချုပ်ခွင့်မျိုးတခုကိုလည်း ဆွေးနွေးနိုင်ပါတယ်။ ဒါပေမယ့် ထိုင်းအစိုးရနဲ့ ကျနော်တို့ကြားမှာ မှန်ကန်သင့်တော်တဲ့ ကြားဝင်ညှိနှိုင်းပေးတဲ့သူတယောက်မှ မရှိဘူး။”

အဲဒီ ကာလမှာပဲ သတ်ဖြတ်မှုတွေက ဆက်ဖြစ်နေခဲ့ပြီး ခုတော့ တော်လှန်ပြောင်းလဲရေးဝါဒီ ခွဲထွက်ရေးအုပ်စု အတော်များများက တိုက်ခိုက်နေကြပြီ ဖြစ်ပါတယ်။

ထိုင်းစစ်သား ၁ သိန်းနီးပါးလောက်ဟာ တောင်ပိုင်းပြည်နယ် ၃ ခု အနှံ့အပြားမှာ တပ်စွဲ ထားပါတယ်။
ဆွီဒင်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနဌာနက ဒေါက်တာ နေးလ် မယ်လ်ဗင်းက အဲဒီ ပြည်နယ်တွေက ပဋိပက္ခတွေကို လေ့လာနေပါတယ်။

ဒေါက်တာ နေးလ် မယ်လ်ဗင်းက အစ္စလာမ်အခြေခံ ၀ါဒတခုတည်းကတော့ အဲဒီ ပဋိပက္ခကို ဖြစ်ပွားစေတဲ့ အချက် မဟုတ်ဘူးလို့ ဆိုပါတယ်။

“ဘာသာစကား၊ ပညာရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့ ပါဝင်ဆောင်ရွက်နိုင်ခွင့်နဲ့ တိတိပပအားဖြင့် ဘာသာရေးနဲ့ မပတ်သက်တဲ့ ရင်းမြစ်တွေကို ပေးဝေရေးနဲ့ပတ်သက်တဲ့ နိုင်ငံရေးကိစ္စတခုလည်း ရှိနေပါတယ်။ ဒီတော့ ဒီနေ့ ကျနော်တို့မှာ ဆက်ဖြစ်နေတဲ့ ရောထွေးနေတဲ့ ပြဿနာတွေ ရှိနေတယ်လို့ ကျနော် ထင်ပါတယ်။ နောက်တခုက ဘက်၂ ဘက်စလုံးမှာ စီးပွားရေး အကြောင်းခံတွေလည်း ရှိတယ်လို့ ကျနော် ပြောရမှာပဲဗျ။”

အတွင်းတောင်ပိုင်းမှာ ကမ္ဘာလှည့်ခရီးသည်တွေ မလာတော့ပါဘူး။ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကျောင်းတွေနဲ့ ဘုရားကျောင်းတွေလည်း ပိတ်ထားရပါတယ်။ စစ်တပ်တွေ ချထားတဲ့ စရိတ်ကလည်း အလွန်များပြားပါတယ်။
သုတေသနမှူး ဒေါက်တာ နေးလ်မယ်လ်ဗင်က အဖြေကတော့ အစိုးရက ရွေးချယ်မှု လုပ်ရပါလိမ့်မယ်လို့ ဆိုပါတယ်။

“တောင်ပိုင်းကို ထိုင်းနိုင်ငံထဲကို ပိုပြီး ပူးတွဲ ပါဝင်လာဖို့ ကြိုးစား အားထုတ်မှုတွေက အတက်အကျ ရှိနေပါတယ်။ ဒါမှမဟုတ် ဘာသာစကားကိစ္စနဲ့ နယ်နိမိတ်ရေးရာကိစ္စတွေမှာ နေရာတမျိုးမျိုး ပေးအပ်ဖို့က ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍတခု ရှိနေပါတယ်။”

ထိုင်းအစိုးရက လွန်ခဲ့တဲ့လကပဲ ခုခံ တိုက်ခိုက်နေတဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လျှို့ဝှက်ညှိနှိုင်းမှုတချို့ ရှိနေပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး ကော်မတီရဲ့ လွတ်လပ်တဲ့ ကော်မရှင်နာဟောင်း တယောက်ဖြစ်တဲ့ အာမက် ဆွမ်ဘွန်း ဘူအာလောင်က “တောင်ပိုင်းမှာ ငြိမ်းချမ်းတဲ့ အဖြေတခုရဖို့ကတော့ ခက်ခဲရှည်လျားတဲ့ ခရီးလမ်းဖြစ်နေပြီး ဘန်ကောက်မှာ အစဉ်တစိုက် ဖြစ်နေတဲ့ နိုင်ငံရေး အရှုပ်အထွေးကလည်း အထောက်အကူ မဖြစ်စေပါဘူး။ ၀န်ကြီးချုပ် ယင်းလပ်က ခွဲထွက်ရေးလှုပ်ရှားနေသူတွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ကို အသိအမှတ် ပြုခဲ့တာဟာ သိပ်အရေးပါပြီး ငြိမ်းချမ်းရေးဆွေးနွေးမှု တိုးတက်လာအောင် တွန်းအားလည်း ဖြစ်စေပါတယ်”လို့ ဆိုပါတယ်။

ထောင်နဲ့ချီတဲ့ မွတ်စလင် မလေး ဒုက္ခသည်တွေ ဆွေးနွေးပွဲအပြီး ပတ်တာနီကို ပြန်လာနိုင်ရေးအတွက်ကတော့ အခွင့်အလမ်းပြတင်းတံခါး တခု ရှိနေပါပြီ။

ဒီအချိန်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲကို ကြားနေ ညှိနှိုင်းဆွေးနွေးသူတဦး ရှိရတော့မယ့်အချိန် ဖြစ်တယ်လို့ ပီယူအယ်လ်အိုရဲ့ အလုပ်အမှုဆောင်ခေါင်းဆောင် အဘူ ရာဆာ ဖီကရီက ပြောပါတယ်။

“ပဋိပက္ခက ပြည်တွင်း နိုင်ငံရေးကိစ္စတခုပါ။ ဒါပေမယ့် ကျနော်တို့မှာ ငြိမ်းချမ်းတဲ့ အဖြေတခု ရရှိဖို့ ပြင်ပက ကြားဝင် စေ့စပ်ညှိနှိုင်းပေးသူတယောက် လိုအပ်နေပါတယ်။”

ရစ်ဝက်ဆာမင်က အာရှဒေသ သတင်းဆောင်ပါးကဏ္ဍအတွက် ဆွီဒင်နိုင်ငံက သတင်းပေးပို့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013