Home
မြန်မာသတင်း
ခင်ဦးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး နုတ်ထွက်၊ စုစုပေါင်း ၄ ဦးရှိလာ
DVB
·
September 30, 2021
242480323_3087984291458609_1356694647873105135_n

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ အင်းပက်ရွာမှ အကြမ်းဖက်စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဟန်ဟာ စက်တင်ဘာ ၂၉ ရက်က နုတ်ထွက်စာတင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီ နုတ်ထွက်စာမှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဟန်ဟာ COVID-19 ရောဂါဖြစ်‌နေပြီး ကျန်းမာရေးမကောင်းမွန်တာကြောင့် တာဝန်ကနေ နုတ်ထွက်ခွင့်ပြုဖို့ စာတင်ခဲ့တာဖြစ်ပါတယ်။

အင်းပက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဟန်ဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းကာ ကျေးရွာထိခိုက်အောင် လုပ်ဆောင်တာ မရှိခဲ့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိတွင် ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး လေးဦး နုတ်ထွက်ထားပါတယ်။

တောကြီးမြွေဟောက်အဖွဲ့ ခင်ဦးက စက်တင်ဘာ ၂၄ ရက် ထုတ်ပြန်ချက်မှာ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေအဖြစ် အသုံးတော်ခံနေတဲ့ သတင်းပေး ပျူစောထီး ဒလန် ၂၇ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ ကြေညာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024