DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် နေ့စဉ်ကိုဗစ်ကူးစက်မှုနှုန်း ၅၀၀၀ အထိ ကျဆင်းနိုင်မည်ဟု ခန့်မှန်း
DVB
·
September 29, 2021
ထိုင်းနိုင်ငံတွင် နေ့စဉ်ကိုဗစ်ကူးစက်မှုနှုန်း ၅၀၀၀ အထိ ကျဆင်းနိုင်မည်ဟု ခန့်မှန်း
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ လျော့ကျလာနေပြီး လာမယ့် အောက်တို ဘာလကုန်မတိုင်ခင် နေ့စဉ်ကူးစက်မှုနှုန်း ၅၀၀၀ ထိ ကျဆင်းလာနိုင်လိမ့်မယ်လို့ ထိုင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ကစ်ထိုင်ဖုန်း ဝေါင်ဂရာ ဂျစ်က ပြောပါတယ်။

“အရေးပေါ် အသက်ရှုစက်လိုအပ်မှုဟာ အရင်သီတင်းပတ်တွေတုန်းက တရက်ကို ၄,၀၀၀ ကနေ ၅,၀၀၀ ထိ ရှိခဲ့ပေမယ့် ခုတော့ နေ့စဉ် ၃,၀၀၀ လောက်ထိ ကျဆင်းလာခဲ့ပါတယ်။ ဒါဟာ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကို ကာကွယ်ဖို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုနှုန်း မြင့်တက်လာတာကြောင့် ဖြစ်ပါတယ်”

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်း လူဦးရေ ၅၀ ရာခိုင်နှုန်းက ကိုဗစ်-၁၉ ကာကွယ်ဆေး တကြိမ်ထိုးနှံပြီးသူတွေဖြစ်ပြီး ၂၅ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေး အပြည့်အဝထိုးနှံ ပြီးသူတွေဖြစ်တယ်လို့ ဒေါက်တာ ကစ်ထိုင်ဖုန်းက ပြောပါတယ်။

“လာမယ့် အောက်တိုဘာလကုန်လောက်မှာတော့ ကာကွယ်ဆေးတကြိမ်ထိုးနှံပြီးသူ ၆၀ ရာခိုင်နှုန်း၊ အပြည့်အဝထိုးနှံပြီးသူ ၅၀ ရာခိုင်နှုန်းထိ ရှိလာဖို့ မျှော်မှန်းထားပါတယ်။ ဒါ့အပြင် ဒီဇင်ဘာနှစ်ကုန်ပိုင်းမှာ ၈၀ ရာခိုင်နှုန်းနဲ့ ၇၀ ရာခိုင်နှုန်းစီ အသီးသီး ထိုးနှံပေးနိုင်ဖို့ ပစ်မှတ်ထားဆောင်ရွက်သွားမှာပါ”

လတ်တလောမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အသစ် ၁၀,၄၁၄ ယောက်နဲ့ ထပ်မံသေဆုံးသူ ၁၂၂ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနိုင်ငံတွေပြီးရင် ထိုင်းနိုင်ငံက ကူးစက်ခံရသူပေါင်း ၁ သန်းခွဲကျော်၊ သေဆုံးသူ ၁၆,၀၀၀ ကျော်နဲ့ ကူးစက်မှုအမြင့်ဆုံးထိပ်တန်း ၅ နိုင်ငံထဲမှာ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013