DVB Logo
Home
မြန်မာသတင်း
တရုတ်အလံ မီးရှို့သူကို ထောင် ၃ လချ
DVB
·
December 24, 2013
တရုတ်အလံ မီးရှို့သူကို ထောင် ၃ လချ
Donate to DVB

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ တရုတ်သံရုံးကို ချီတက်ဆန္ဒပြခဲ့တဲ့ Generation Youth အဖွဲ့က ကိုတင်ထွဋ်ပိုင်ကို လသာတရားရုံးက ဒီကနေ့ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။

[caption id="attachment_49090" align="alignright" width="300"]ကိုတင်ထွဋ်ပိုင် လမ်းလျှောက် ဆန္ဒပြနေစဉ် ကိုတင်ထွဋ်ပိုင် လမ်းလျှောက် ဆန္ဒပြနေစဉ်[/caption]လက်ပံတောင်းတောင်အရေး ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေကို ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ တနှစ်ပြည့်အထိမ်းအမှတ် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က ခွင့်ပြချက်မရဘဲ စီတန်းလမ်းလျှောက်ခဲ့တဲ့အတွက် ပုဒ်မ ၁၈ နဲ့ တရားစွဲဆို ထောင်ချခံရတာလို့ ကိုတင်ထွဋ်ပိုင်ရဲ့ မိခင်ဖြစ်သူ ဒေါ်ငယ်က ပြောပါတယ်။

“ဒီနေ့ လသာမြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ သုံးလချလိုက်တယ်။ ဒီကနေ့မှာလည်း ပုဇွန်တောင်နဲ့ ဗိုလ်တထောင်မှာလည်း ရုံးထုတ်တယ်။ ဒီနေ့ထောင်ချတာက တင်ထွဋ်တယောက်တည်းပဲ။ နော်အုန်းလှနဲ့ စည်သူဝင်းတို့က မပါဘူး။ သူ့ကတော့ မတရားဘူးလို့ ခံစားရတယ်၊ အန်တီလည်း ခံစားရတယ်။”

သူ့နဲ့အတူ တရားစွဲဆိုခံထားရတဲ့ အမျိုးသမီးကွန်ရက်အဖွဲ့ဝင် နော်အုန်းလှနဲ့ ကိုစည်သူဝင်းကိုတော့ အမိန့်မချမှတ်သေးဘူးလို့ ပြောပါတယ်။

ကိုတင်ထွဋ်ပိုင်၊ နော်အုန်းလှနဲ့ ကိုစည်သူဝင်းတို့ကို ဒဂုံမြို့နယ်တရားရုံးကလည်း တရုတ်အလံကို မီးရှို့ဖျက်ဆီးမှုနဲ့ ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုထားပြီး ဒီကနေ့ ရုံးထုတ်စစ်ဆေးပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး လာမယ့် ဇန်န၀ါရီ ၇ ရက်နေ့ ရုံးပြန်ချိန်းဆိုထားတယ်လို့ နော်အုန်းလှရဲ့ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

ဒါ့အပြင် ဒဂုံမြို့နယ်တရားရုံးမှာပဲ ၂ဝဝ၇ ခုနှစ်တုန်းက ရွှေတိဂုံဘုရားတောင်ဘက်မုခ် အင်္ဂါထောင့်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အသံကျယ်လောင်စွာနဲ့ ဘုရားရှိခိုးဆုတောင်းမှုနဲ့ တရားစွဲဆိုခံထားရတာကိုလည်း ဒီကနေ့ စစ်ဆေးတယ်လို့ ပြောပါတယ်။

“နော်အုန်းလှတို့အမှုဟာ ဒီကနေ့ ဒဂုံမြို့နယ် တရားရုံမှာ ပြစ်မှုကြီး အမှတ် ၂၈၈/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၆၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အသံကျယ်ကျယ်နဲ့ ဘုရားရှိခိုးဆုတောင်းလို့ဆိုပြီး စွဲဆိုတဲ့အမှုတွေကိုပဲ ဒီနေ့ စစ်ဖြစ်ပါတယ်။ တရုတ်အလံကို မီးရှို့တယ်ဆိုတဲ့ပြဿနာကတော့ ဒီနေ့ ကိုအောင်စိုးကို တရားခံပြေးအမှုဖွင့် ပြီးတော့ ရုံးချိန်းပေးလိုက်တာ ဇန်န၀ါရီလ ၇ ရက်နေ့ပါ။”

နော်အုန်းလှဟာ သမ္မတ လွတ်ငြိမ်းချမ်သားခွင့်နဲ့ မန္တလေးထောင်ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က လွတ်မြောက်ခဲ့ပေမယ့် ဒီဇင်ဘာ ၆ ရက်နေ့ ပြန်လည်ဖမ်းဆီးခံရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ခံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013