DVB Logo
Home
မြန်မာသတင်း
ကားတင်သွင်းခွင့်ပါမစ်အသစ်ထုတ်ပေးမှု ၂၀၂၁ ခုနှစ် နှစ်ကုန်ထိ ပိတ်ထားမည်
DVB
·
September 28, 2021
ကားတင်သွင်းခွင့်ပါမစ်အသစ်ထုတ်ပေးမှု ၂၀၂၁ ခုနှစ် နှစ်ကုန်ထိ ပိတ်ထားမည်
Donate to DVB

ကားတင်သွင်းခွင့်ပါမစ်မျိုးစုံ အသစ်ထုတ်ပေးတာကို ၂၀၂၁ ခုနှစ် နှစ်ကုန်ထိ ယာယီပိတ်ဖို့ စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက လုပ်ဆောင်နေပြီး အဲဒီထုတ်ပြန်ချက်ကို ဒီတစ်ပတ်အတွင်းမှာ ထုတ်ပြန်ဖို့ရှိနေတယ်လို့  အဆိုပါဌာနနဲ့ နီးစပ်တဲ့အသိုင်းအဝန်းက ဒီဗွီဘီကို ပြောပါတယ်။   

ကားအရောင်းစင်တာ Consignment နဲ့ အရောင်းပြခန်း CBU တွေကိုလည်း  စက်တင်ဘာ  ၃၀ ရက်နေ့ နောက်ဆုံးပါမစ်လျှောက်ရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်နေတဲ့ SKD ကားတွေကတော့ သွင်းကုန်ပါမစ်မလိုဘဲ ဆက်လက်ထုတ်လုပ်ရောင်းချနိုင်မှာဖြစ်ပြီး ဒေါ်လာဈေးအပြောင်းအလဲမြင့်တက်နေတာကြောင့် ဈေးဖွင့်ဖို့အတွက် အခက်ခဲဖြစ်နေပြီး ရောင်းချမှုတွေကိုလည်း ရပ်ထားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနဟာ လိုင်စင်မဲ့ without ကားတွေကိုလည်း လိုင်စင်လုပ်ပေးဖို့ စီစဉ်နေပြီး  စစ်ကောင်စီအနွယ်ဝင်တွေနဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ ပတ်သက် ဆက်နွှယ်သူတွေရဲ့ အကျိုးစီးပွား တိုးတက်လာဖို့အတွက် စီစဉ်နေတာတယ်လို့  ဌာနတွင်း သတင်းအရင်းအမြစ်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013