DVB Logo
Home
မြန်မာသတင်း
ပြန်ကျင်းပမည့် လွှတ်တော်တွင် ဖွဲ့စည်းပုံကော်မတီ အစီရင်ခံစာ တင်သွင်းမည်
DVB
·
December 24, 2013
ပြန်ကျင်းပမည့် လွှတ်တော်တွင် ဖွဲ့စည်းပုံကော်မတီ အစီရင်ခံစာ တင်သွင်းမည်
Donate to DVB

န၀မအကြိမ်မြောက် လွှတ်တော်အရပ်ရပ်အစည်းအဝေးတွေကို လာမယ့် ဇန်န၀ါရီလ ၁၃ ရက်မှာ ပြန်လည်ပြုလုပ်မယ်လို့ သက်ဆိုင်ရာက ဒီဇင်ဘာ ၂၃ ရက်ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။

parlimentလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းပုံအခြခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီဟာ ဒီတကြိမ်လွှတ်တော်မှာ အစီရင်ခံစာ တင်သွင်းဖို့ရှိတယ်လို့ ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ပြောပါတယ်။

“ကျနော်တို့က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ အကြံပြုလွှာတွေကို နောက်ဆုံး လက်ခံမှာပါ။ လက်ခံပြီးရင် ဇန်န၀ါရီ ၁ ရက်နေ့က စပြီး လက်ခံထားတဲ့ အကြံပြုလွှာတွေကို စုစည်းပါ့မယ်။ ဇန်န၀ါရီလ ၇ ရက်နေ့မှာ ၁၀၉ ဦးပါဝင်တဲ့ ဖွဲ့စည်းပုံအခြခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီမှာ ချပြပြီး အားလုံး ၀ိုင်းဆွေးနွေးကြပါမယ်။ ဆွေးနွေးပြီးတော့မှ အားလုံးအဖွဲ့တွေနဲ့ သဘောတူညီမှုကို သုံးသပ်ပြီးတော့မှ ပြည်ထောင်စုလွှတ်တော်ကို တင်ပြပါ့မယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံကိစ္စ သမ္မတ၊ လွှတ်တော်နဲ့ တပ်မတော် ခေါင်းဆောင်တွေ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြဖို့ ကမ်းလှမ်းထား တာဖြစ်ပြီး အစိုးရကတော့ ဆွေးနွေးမယ့်ကိစ္စကို ဒီအစီရင်ခံစာ ထွက်လာတဲ့အထိ စောင့်ဆိုင်းပြီးမှ ဆုံးဖြတ်မယ်လို့ တုံ့ပြန်ထားတာပါ။

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအတွင်းရေးမှုး ဦးစောလှထွန်းကတော့ ပြီးခဲ့တဲ့ လွှတ်တော်တွေထဲ ကျန်ရှိနေတဲ့ ဥပဒေကြမ်း ၂၅ ခုအပါအ၀င် ဒီလွှတ်တော်မှာ တင်သွင်းလာဖို့ရှိတဲ့ အများပြည်သူနဲ့ဆိုင်တဲ့ ဥပဒေကြမ်းတွေ ဒီတကြိမ်လွှတ်တော်မှာ ဆွေးနွေးကြမယ်လို့ ပြောပါတယ်။

“ကျင်းပတော့မယ်ဆိုပြီး ကြေညာပြီးရင် ကော်မတီက ၁၀ ရက်လောက်ကြိုပြီး ရောက်ပါတယ်။ ရောက်တော့ ပြီးခဲ့တဲ့အပတ်က ကျန်ခဲ့တဲ့ ဥပဒေကြမ်းတွေရှိမယ်။ နောက်ထပ်အသစ် ပြည်ထောင်စုအစိုးရအဖွဲ့တင်ပြတာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြတဲ့ ဥပဒေတွေရှိမယ်။ အဲဒီဥပဒေကို ကြိုတင်ပြီးတော့ စိစစ်ရတာပေါ့။ စိစစ်ပြီးတော့မှ တင်ရတဲ့အနေအထားပါ။ လောလောဆယ် ကျနော်တို့က ပြီးခဲ့တဲ့ ဆက်ရှင်မှာ ကျန်ခဲ့တဲ့ ဥပဒေတွေက ၂၅ ခုလောက် ရှိမယ်။ နောက်ထပ်အသစ်ရောက်တာတွေကတော့ အစည်းအဝေးတွေ စပြီးတော့မှ သိရမှာပါ။ အဲဒီအထဲမှာမှ ဘယ်အရေးကြီးတဲ့ ဥပဒေတွေက ဘယ်လို စတင်ရမယ်ဆိုတာ ကြိုတင်ပြင်ဆင်ရမယ့်ဟာတွေက အကုန်လုံးကြိုတင်ပြင်ဆင်ပြီးမှ လွှတ်တော်ကို တင်ရမှာခင်ဗျ။”

မီဒီယာဥပဒေကြမ်းတွေ၊ ကွန်ဒိုမီဒီယမ် ဥပဒေ စတဲ့ အများပြည်သူနဲ့ဆိုင်တဲ့ အရေးကြီးတဲ့ ဥပဒေကြမ်းတွေ ဆွေးနွေးဆုံးဖြတ်အတည်ပြုဖို့ ကျန်နေသေးတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ အဌမအကြိမ် လွှတ်တော်အတွင်း ဥပဒေကြမ်းအနေနဲ့ ဆွေးနွေးနိုင်တာ ၂၀ ခု၊ ပြီးပြတ်တာ ၁၃ ခု၊ ပြီးပြတ်ရန်ကျန် ၇ ခုနှင့် ဆွေးနွေးရန်ကျန် ၁၉ ခုရှိတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ နိဂုံးချုပ်မိန့်ခွန်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013