DVB Logo
Home
မြန်မာသတင်း
၈၈(မျိုးဆက်) ငြိမ်း/ပွင့် ရုံးအဖွဲ့မှူး ဖမ်းဆီးခံရ
DVB
·
September 28, 2021
၈၈(မျိုးဆက်) ငြိမ်း/ပွင့် ရုံးအဖွဲ့မှူး ဖမ်းဆီးခံရ
Donate to DVB

၈၈(မျိုးဆက်) ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ရုံးအဖွဲ့မှူး ဦးဇော်၀မ်းမောင်ကို စစ်ကောင်စီက  အကြမ်းဖက်ဖမ်းဆီးသွားပြီး သီတင်းတပတ်ကျော်ကြားတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်မရဖြစ်နေပါတယ်။

ဦးဇော်၀မ်းမောင်ဟာ စက်တင်ဘာ ၁၉ ရက် နေ့လယ် ၁ နာရီလောက်ကစပြီး အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်ပြီး ဒီနေ့အထိ ဘယ်နေရာမှာ ဖမ်းဆီးခံထားရတယ်၊ ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာ မသိရဘဲ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေတာ ဖြစ်ပါတယ်။

ဦးဇော်၀မ်းမောင်ကို စစ်ကောင်စီတပ်က အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင်  နေအိမ်ကိုလည်း ချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။ ဦးဇော်၀မ်းမောင်အနေနဲ့ စစ်ကြောရေးမှာ စစ်တပ်ရဲ့ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံရာမှာကို မိသားစု၀င်တွေက  စိုးရိမ်နေကြပါတယ်။

မိသားစုနဲ့ ၈၈(မျိုးဆက်) ငြိမ်း/ပွင့်   ရုံးအဖွဲ့က   ICRC နဲ့ AAPP တို့ထံ ဆက်သွယ် အကူအညီတောင်းခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013