DVB Logo
Home
မြန်မာသတင်း
မြန်မာကာတွန်းဆရာ ၂ ဦး Robert Russell Courage in Cartooning Award ဆုချီးမြှင့်ခံရ
DVB
·
September 28, 2021
မြန်မာကာတွန်းဆရာ ၂ ဦး Robert Russell Courage in Cartooning Award ဆုချီးမြှင့်ခံရ
Donate to DVB

စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ကျရာနေရာက တစိုက်မတ်မတ်ပါဝင်နေကြတဲ့ မြန်မာ ကာတွန်းဆရာတွေဖြစ်တဲ့ ဝေယံ(တောင်ကြီး) နဲ့ လဂွန်းအိမ်တို့ဟာ Robert Russell Courage in Cartooning Award ဆု ချီးမြှင့်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီဆုကိုတော့ အမေရိကန်နိုင်ငံအခြေစိုက် နိုင်ငံတကာ ကာတွန်းဆရာများ အခွင့်အရေး ကွန်ရက်(CRNI)က နှစ်စဉ်ချီးမြှင့်တာဖြစ်ပြီး အခုနှစ် ၂၀၂၁ ခုနှစ်အတွက် မြန်မာကာတွန်းဆရာ ၂ ယောက်ကို ရွေးချယ်ခဲ့တာဖြစ်ကာ လက်ရှိမှာတော့ ကာတွန်းဆရာ ၂ ယောက်လုံး အမေရိကန်နိုင်ငံမှာ ဘေးကင်းလုံခြုံစွာ ရှိနေတယ်လို့ ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံအခြေစိုက် နိုင်ငံတကာ ကာတွန်းဆရာများ အခွင့်အရေး ကွန်ရက် (CRNI) ကတော့ ကာတွန်းဆရာတွေရဲ့ လူမှုဘဝဆိုင်ရာ လွတ်လပ်စွာ ဖန်တီးနိုင်မှုနဲ့ လူ့ အခွင့်အရေးတွေအပေါ် အကာအကွယ်ပေးထားပြီး လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကတည်းက ဒီဆုကို ရွေးချယ်ချီးမြှင့်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်တုန်းကတော့ ဘင်္ဂလားဒေ့ရှ် ကာတွန်းဆရာ၊ လှုပ်ရှားတက်ကြွသူ အာမက်ဒ် ကာဗီရာ ကာရှောကို ရွေးချယ်ချီးမြှင့်ခဲ့ပြီး မြန်မာကာတွန်းဆရာတွေကို ရွေး ချယ်ချီးမြှင့်တာကတော့ ဒါက ပထမဆုံး ဖြစ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းထားတဲ့ ကာလဟာ ၈ လနီးပါးကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း အကြမ်းဖက်နှိမ်နင်း ဖြိုခွင်းမှုတွေကြောင့် ကျဆုံးပြည်သူတွေ ထောင်ချီရှိနေခဲ့ပြီး မတရားဖမ်းဆီးထောင်ချခံရသူတွေထဲ သတင်းမီဒီယာသမားတွေရော၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ သာမန်အရပ် သားပြည်သူတွေအထိ ပါဝင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်တဲ့ ကမ္ဘာ့သ တင်းလွတ်လပ်ခွင့်အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၄၀ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013