DVB Logo
Home
မြန်မာသတင်း
စင်ကာပူက ထိုင်းသို့ AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၂၀,၀၀၀ ကျော်ပေးပို့
DVB
·
September 28, 2021
စင်ကာပူက ထိုင်းသို့ AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၂၀,၀၀၀ ကျော်ပေးပို့
Donate to DVB

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုတိုက်ဖျက်ရေးအတွက် စင်ကာပူနိုင်ငံက ထိုင်းနိုင်ငံကို AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၂၀,၀၀၀ ကျော်ပေးပို့ခဲ့တယ်လို့ စင်ကာပူနိုင်ငံ ခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါဟာ နှစ်နိုင်ငံ ကာကွယ်ဆေးလဲလှယ်ရေး အစီအစဉ်အရ သဘောတူညီခဲ့တာဖြစ်ပြီး ကာကွယ်ဆေး ၁၂၂,၄၀၀ အပြင် Rapid Antigen Test Kits ၂ သိန်းနဲ့ Nasopharyngeal Swabs ၅ သိန်းကိုလည်း သဘောတူညီမှုတစိတ်တပိုင်းအနေနဲ့ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

“စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေဟာ ကာလရှည်ကြာ ခိုင်မာတဲ့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတွေ ဖြစ်ကြပါတယ်။ ကျွန်ုပ်တို့ရဲ့ ပံ့ပိုးကူညီမှုဟာ ဒီကပ်ရောဂါကို အတူတကွ ရင်ဆိုင်နိုင်ဖို့ နှစ်နိုင်ငံ အပြန်အလှန်ကတိကဝတ်ကို အားဖြည့်ကူညီတာ ဖြစ်ပါတယ်” လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ လတုန်းကတော့ ထိုင်းနိုင်ငံဟာ ကာကွယ်ဆေးပြတ်လပ်မှုကြောင့် ဘူတန်နိုင်ငံက AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သိန်းခွဲ ချေးယူဖို့ ရှာဖွေနေခဲ့တာလို့ ဆိုပါတယ်။

လတ်တလောမှာတော့ ထိုင်းအာဏာပိုင်တွေက လာမယ့် အောက်တိုဘာလကစတင်ကာ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးဖြစ်တဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေကို ကွာရန် တင်းလိုအပ်ချက်တွေ ဖြေလျှော့ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံဟာ ပြီးခဲ့တဲ့ လတွေအတွင်း နီပေါ၊ မလေးရှား၊ ဘရူနိုင်းစတဲ့ တခြားနိုင်ငံ တွေကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013