DVB Logo
Home
Lead Story
ကူးစက်ရောဂါ တိုက်ဖျက်ရေး အေဒီဘီက ဒေါ်လာ ၁၀ သန်း ကူမည်
DVB
·
December 24, 2013
ကူးစက်ရောဂါ တိုက်ဖျက်ရေး အေဒီဘီက ဒေါ်လာ ၁၀ သန်း ကူမည်
Donate to DVB

မြန်မာနိုင်ငံ ပြည်နယ် ၃ ခု ကျေးရွာပေါင်း ၇၀၀ ကျော်မှာ ဆောင်ရွက်မယ့် အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် အပါအ၀င် တီဘီ၊ ငှက်ဖျားနဲ့ လိင်ကတဆင့် ကူးစက်တဲ့ ရောဂါ တိုက်ဖျက်ရေး အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)က ဒေါ်လာ ၁၀ သန်း အကူအညီပေးမယ်လို့ ဒီဇင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန် ကြေညာပါတယ်။

ADB Bankမွန်၊ ကရင်နဲ့ ရှမ်းပြည်နယ်မှာ အကောင်အထည် ဖော်မယ် ဒီ အစီအစဉ်တွေအတွက် ဂျပန် အစိုးရရဲ့ ဆင်းရဲမွဲတေမှု လျော့ချရေးအစီအစဉ်က ရတဲ့ ရန်ပုံငွေကို အေဒီဘီကနေ တဆင့် တကယ်လက်တွေ့ အကောင်အထည်ဖော်မယ့် အဖွဲ့အစည်းတွေကို ပံ့ပိုးပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါပါတယ်။

ဒီငွေတွေနဲ့ ရောဂါကူးစက်မှုလျော့ချရေးအပြင် အိပ်ခ်ျအိုင်ဗွီ ဖြစ်လို့ အေအာရ်တီဆေး လိုအပ်သူတွေအတွက် တိုးမြှင့်ပြီး ဆေးပေးနိုင်အောင်နဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကို သင်တန်းပေးတဲ့ နေရာတွေမှာလည်း အသုံးပြုသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013