DVB Logo
Home
Lead Story
ကမ္ဘောဒီးယား အတိုက်အခံများ ရွေးကောက်ပွဲ ပြန်ဝင်ရန် ပြင်ဆင်
DVB
·
December 24, 2013
ကမ္ဘောဒီးယား အတိုက်အခံများ ရွေးကောက်ပွဲ ပြန်ဝင်ရန် ပြင်ဆင်
Donate to DVB

နောက် ၃ လလောက်မှာ ကမ္ဘောဒီယားနိုင်ငံတ၀ှမ်းမှာ ဇူလိုင် ရွေးကောက်ပွဲမှာ မဲလိမ်တယ်လို့ စွပ်စွဲခံထားရတဲ့အပေါ်မှာ မူတည်ပြီး ရွေးကောက်ပွဲအသစ်တွေ ကျင်းပပေးဖို့ တောင်းဆို ဆန္ဒပြပွဲတွေ လုပ်ဆောင်ကြပါလိမ့်မယ်။

Cambodia_Re-election_web_131221_672အတိုက်အခံတွေကတော့ ကန့်ကွက်ဆန္ဒပြပွဲတွေမှာ လူတွေ ပိုပြီးပါဝင်လာကြလေ လမ်းတွေကို သူတို့ ပိုပြီး ပိတ်ဆို့လို့ ရလာလေပဲလို့ ပြောနေပါတယ်။

ဖနွမ်းပင်လွတ်လပ်ရေး ပန်းခြံမှာ ဆန္ဒပြသူတွေက “ဟွန်ဆင်ဆင်းပေးပါတော့” လို့ အော်ဟစ်ခဲ့ကြပါတယ်။

တလျှောက်လုံး ဆန္ဒပြပွဲမှာ အတူ လိုက်ပါလာခဲ့တဲ့ အသက် ၃၀ အရွယ် ဆရေးလိပ်က ပရေးဝင် က “၀န်ကြီးချုပ် ဟွန်ဆင်ရဲ့ အုပ်ချုပ်မှုကာလအတွင်းမှာ ကမ္ဘောဒီးယားပြည်သူတွေ ဒုက္ခခံစားခဲ့ရတဲ့အတွက် သူ ဆင်းပေးရပါမယ်။ တရားရုံးစနစ်က ပိုပေါလ်လက်ထက်တုန်းကလို အတင်းအဓမ္မ နှင်ထုတ်တာတွေနဲ့ မတရားမှုတွေကို လုပ်နေကြတာပါပဲ” လို့ ဆိုပါတယ်။

အတိုက်အခံ စီအန်အာပီက ရလဒ်မရှိတဲ့ ရွေးကောက်ပွဲမှာ ဖောက်ပြန်မှုတွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု တခု ပြုလုပ်ပေးဖို့ လပေါင်းများစွာ တွန်းအားပေးခဲ့ပါတယ်။

စီအန်အာပီက ကုလသမဂ္ဂနဲ့ ကမ္ဘောဒီးယားနိုင်ငံက နိုင်ငံခြားသံရုံးတွေကို မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပြီး ရွေးကောက်ပွဲ အကျပ်အတည်းကို နိုင်ငံတကာက ၀င်ရောက်စွက်ဖက်ပေးဖို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပါတယ်။

အတိုက်အခံတွေမှာ တခြား မတူကွဲပြားတဲ့ မဟာဗျူဟာတခု ရှိနေပြီး အတိုက်အခံခေါင်းဆောင် ဆမ်ရိန်းဆေးကတော့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရေး အတွက် နေ့စဉ် မရပ်မနား ကန့်ကွက်ဆန္ဒပြပွဲတွေ လုပ်ဆောင်နေပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆင်ကို ဆင်းပေးဖို့ တိုက်တွန်းခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဆမ်ရိန်းဆေးက “ခင်ဗျား ပိုပြီးနေလေ၊ ပိုပြီး အာဏာရှင်ဆန်လာလေ၊ တောတွေ ပြုန်းတီးပြီး လူ့အခွင့်အရေးတွေ ဆုံးရှုံး ပြည်သူတွေ ဆင်းရဲသထက် ဆင်းရဲလာလေပေါ့” လို့ ဆိုပါတယ်။

ဒီကနေ့အထိ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က ဇူလိုင်လ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံခဲ့ဘဲ ပါတီ ၂ ခုလုံးကို ဒီကိစ္စကို ဖြေရှင်းဖို့ တောင်းဆိုနေကြပါတယ်။

အာဏာရပါတီ စီပီပီကတော့ အတိုက်အခံတွေနဲ့ စေ့စပ်ဆွေးနွေးဖို့ တံခါးဖွင့်ပေးထားဆဲ ဖြစ်တယ်လို့ ပြောနေပါတယ်။

ဒါပေမယ့် အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖိုင်ဆီဖန်ကတော့ ရွေးကောက်ပွဲ ပြန်ကျင်းပ ပေးစရာမရှိဘူးလို့ ပြောခဲ့ပါတယ်။

“ကျနော်တို့က အတိုက်အခံတွေက လူတွေကို သူတို့ကို အကာအကွယ်ပေးဖို့ အသုံးချ မှာကို မလိုချင်ပါဘူး။ အာဏာရဖို့ ပြည်သူတွေရဲ့ သွေးကို အသုံးချမှာကို မလိုချင်ပါဘူး။ ကျနော်တို့ အဲဒါကို မမြင်ချင်ဘူးဗျာ။ ကျနော်တို့မှာ တရားဥပဒေ စိုးမိုးမှု ရှိပါတယ်။ ရွေးကောက်ပွဲ ဥပဒေ ရှိပါတယ်။ သူတို့က အဲဒါကို မကြိုက်ဘူးဆိုရင် လွှတ်တော်ကို သွားပေါ့ဗျာ။ ပြောင်းလဲ ပြင်ဆင်ပေါ့ဗျာ။ ဒါပေမယ့် လမ်းတွေပေါ်မှာတော့ မလုပ်နဲ့ပေါ့။”

အာဏာပိုင်တွေက စီအန်ပီအာက ကျင်းပနေတဲ့ ဆန္ဒပြပွဲတွေဟာ တရားမ၀င် ဖြစ်ပြီး ဖြစ်လာတဲ့ ဘာဖြစ်ရပ်ကိုမှ တာဝန်ယူမှု မရှိဘူးလို့ စွပ်စွဲပါတယ်။

ခုချိန်ထိကတော့ ဇူလိုင်လ ရွေးကောက်ပွဲရလဒ် ထွက်ပြီးပြီးချင်း အတိုက်အခံက လမ်းပေါ်ထွက် ဆန္ဒပြမှုတွေမှာ ဆန္ဒပြသူတယောက် သေဆုံးသွားခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပြီး ဖြစ်ပါတယ်။

လူမှု ဝေဖန်သုံးသပ်သူ ခင်မ်လေက ရေရှည်မှာ ဒီိလို ကန့်ကွက်ဆန္ဒပြပွဲတွေရဲ့ အကျိုးဆက်ကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးကို ရိုက်ခတ်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။

“တချို့ ရင်းနှီးမြှုပ်နှံသူတွေက ဒီအခြေအနေမှာ ဗီယက်နမ်နဲ့ မြန်မာဘက်ကို လှည့်ပြောင်း သွားခဲ့ပါပြီ။ တခြား ရင်းနှီးမြှုပ်နှံသူတွေကလည်း နိုင်ငံရေး အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ တကယ်လို့ အဖြေမရှိဘူးဆိုရင်တော့ မကောင်းတဲ့ အကျိုးဆက်တွေ ရှိလာ နိုင်တယ်ပေါ့ဗျာ။ ကျနော်တို့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွေ့လာရမယ်လို့ ထင်ပါတယ်။”

ဘိုရီကီးလာ လူ့အဖွဲ့အစည်းက နှင်ထုတ်ခံရတဲ့ အသက် ၃၆ နှစ်အရွယ် ဆင် ခွန်သီရာကတော့ အတိုက်အခံက သူတို့အတွက် မျှော်လင့်ချက် အသစ်တခုကို ယူဆောင်လာ ပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ဆင် ခွန်သီရာက “ကျမ မိသားစုဟာ ပျော်ရွှင်ခဲ့ကြပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေက ကျမတို့ကို ဒုက္ခရောက်အောင် လုပ်နေကြတယ်လေ။ ချမ်းသာတဲ့လူတွေက ပိုချမ်းသာသွားပြီး ဆင်းရဲတဲ့ သူတွေက ပိုဆင်းရဲလာကြပြီလေ။ ဟွန်ဆင်က ဆင်းရဲနွမ်းပါးမှုကို လျော့ချ ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူက ဆင်းရဲမှုကိုပဲ ဖန်တီးပေးခဲ့ပါတယ်။ ကျမက အခု အိုးမဲ့အိမ်မဲ့ပါ။ အဲဒီအတွက် ကျမ နေ့တိုင်း ငိုကြွေးခဲ့ရတာပေါ့”လို့ ပြောပါတယ်။

ဆာရတ်ဆွန်က အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်ကနေ သတင်းပေးပို့ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013