DVB Logo
Home
မြန်မာသတင်း
ဒေါ်မြင့်မြင့်အေး အပါအ၀င် လယ်သမားအရေးလှုပ်ရှားသူများ ပြန်လွတ်
DVB
·
December 24, 2013
ဒေါ်မြင့်မြင့်အေး အပါအ၀င် လယ်သမားအရေးလှုပ်ရှားသူများ ပြန်လွတ်
Donate to DVB

ပေါင်းတည်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ မိ​တ္ထီ​လာ​ပြည်​သူ့အ​ကျိုး​ဆောင်​ကွန်​ရက်​က ​ဒေါ်​မြ​င့်​မြ​င့်​အေး​၊ ဝိမု​တ္ထိ ​လူ​မှု​ကူ​ညီ​ရေး​အ​ဖွဲ့က ဒေါ်​ခင်​မိ​မိ​ခိုင်​နဲ့ ​န​တ္တ​လင်း​ပြည်​သူ့အ​ကျိုး​ဆောင်​ ကွန်​ရက်​က ဦးသန့်ဇင်​ထက်တို့ဟာ ဒီနေ့မနက် ပြန်လည်လွတ်မြောက်လာပါတယ်။

[caption id="attachment_49043" align="alignright" width="300"]ဓာတ်ပုံ - စိုးနိုင်ဖေ့ဘုတ် ဓာတ်ပုံ - စိုးနိုင်ဖေ့ဘုတ်[/caption]ဒေါ်မြင့်မြင့်အေးတို့ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်မှာ ပြင်ဆင်မှုတက်ထား တာကို ရုံးက ပြင်ဆင်မှုလက်ခံပြီး အပြစ်မရှိတဲ့အတွက် အပြီးသတ် သူတို့ကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ပြန်လွတ်လာပုံကို ဒေါ်မြင့်မြင့်အေးက “ဒီဇင်ဘာ ၁၃ ရက်နေ့ က စပြီး ဆန္ဒပြတာ အားလုံး ၁၁ ရက်တိတိ ကြာတယ်။ ကျမတို့ကို တိုက်ထဲကို ရွှေ့ထားတယ်။ ဆရာဝန်တွေနဲ့ အချိန်မှန် ပုံမှန်ဆေးစစ်တယ်။ ဒီကြားထဲမှာ ဂလူးကိုးစ်တွေသွင်းမယ်ဆိုတာလည်း ကျမတို့ လက်မခံဘူး။ ဘာကုသမှုမှလည်း မယူဘူး။ အဲဒီလိုနဲ့ ၁၁ ရက်ကြာခဲ့တယ်။ မနေ့က နေ့လည် ၁၂ နာရီ ၄၅ မိနစ် မှာ ပဲခူးတိုင်း တရားရေးဝန်ကြီးကနေပြီးတော့ စွဲချက်မသင့်ဘူးဆိုတာကို လက်ခံလိုက်တယ်။ လက်ခံလိုက်တော့ ကျမတို့ကို အပြစ်မရှိဘူးဆိုပြီး အပြီးအပြတ်လွှတ်တဲ့အနေနဲ့ ကျမတို့ကို လွှတ်မယ်ဆိုတာကို မနေ့က လာပြောတော့ ဆေးချိတ်တာတွေကို လက်ခံလိုက်တယ်။”

ဒေါ်မြင့်မြင့်အေးတို့ဟာ သူ့ကို စွဲချက်မတင်ဘဲ ထောင်တွင်း ဖမ်းဆီးထိန်းသိမ်းထားတာ ကို အမြန်ဆုံးရပ်ဆိုင်းဖို့နဲ့ စွဲချက်မတင်ရင် အစာငတ်ခံဆန္ဒပြသွားမယ်လို့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ကြေညာပြီး ဒီဇင်ဘာ ၁၃ ရက်နေ့မှာ အစာငတ်ခံဆန္ဒပြခဲ့ပါတယ်။

ဒီအစာငတ်ခံဆန္ဒပြမှုကြောင့် ကိုယ်အလေးချိန် ၁၀ ပေါင်ကျော်စီ ကျတယ်လို့လည်း ပြောပါတယ်။

ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင်မိမိခိုင်နဲ့ ဦးသန့်ဇင်တို့ဟာ နတ္တလင်းမြို့နဲ့ ပေါင်းတည်မြို့နယ်မှာ တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၁၂) နဲ့ ရဲတွေ သိမ်းပိုက်ထားတဲ့ လယ်မြေတွေမှာ မူလပိုင်ရှင်လယ်သမားတွေက ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က ထွန်တုန်းတိုက်ပွဲဝင်စဉ် သွားရောက်ကူညီလို့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။
တရားဝင် အဖွဲ့အစည်း မဟုတ်ဘူးဆိုပြီး န​တ္တ​လင်းရဲစခန်းက သူတို့ကို သင်းပင်းဥပဒေ ပုဒ်မ ၆/၈၈ နဲ့ စွဲချက်တင် အရေးယူထားတာဖြစ်ပြီး တရားရုံးတွေမှာ အကြိမ် ၂၀ လောက် ရုံးချိန်းတက်ခဲ့ရပါတယ်။ အာမခံမရဘဲ ပေါင်းတည်ထောင်အချုပ်မှာ ဇွန်လဆန်းကတည်းက ပို့ဆောင်ခံနေရတာ ဖြစ်ပါတယ်။

ပုဒ်မ ၆ နဲ့ စွဲချက်မတင်ဖို့ ပဲခူးတိုင်းအနောက်ပိုင်းခရိုင် တရားရုံးကို လျှောက်လဲချက် တင်ခဲ့ပေမယ့် ခရိုင်တရားရုံးက ပယ်ချခဲ့ပါတယ်။ ဒီနောက် ပဲခူးတိုင်းဒေသကြီး တရားရုံးကို ထပ်မံလျှောက်လဲချက်ပေးတဲ့အခါ အမှုလက်ခံထားပေမယ့် တစုံတရာ အမိန့်ချမှတ်တာ မရှိတဲ့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ကတည်းက ထောင်တွင်းဆန္ဒပြခဲ့ကြပါတယ်။

သူတို့အနေနဲ့ အစာငတ်ခံ ဆန္ဒပြမှု မလုပ်ခဲ့ဘူးဆိုရင် ဒီလို အမြန်လွတ်လာမှာ မဟုတ်ဘူးလို့ ဝေဖန်ပြောဆိုပါတယ်။

“အစာငတ်ခံဆန္ဒမပြဘူးဆိုရင် ဒီလိုမျိုး ပွဲမြန်မြန်သိမ်းမယ်လို့ ကျမ မထင်ဘူး။ သူတို့ တပတ်တပတ် ချိန်းနေတာ မဖြစ်သင့်ဘဲ ချိန်းနေတာ။ ရုံးချိန်းမတိုင်ခင် မနေ့ကပဲ အဖြေက ထွက်ပေးလိုက်တာ။ ဒီနေ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို သွားနေပြီဆိုပြီး ပြောနေပေမယ့် အင်မတန်နှေးကွေးတယ်။ မပြောင်းလဲသေးဘူးလို့ပဲ ပြောချင်တယ်။ အလုပ်သမား၊ လယ်သမားတွေ လွတ်လပ်ခွင့်မရဘဲ၊ ချောင်ချောင်လည်လည် မနေနိုင်ဘဲနဲ့ တိုင်းပြည်က ဒီမိုကရေစီမရသေးဘူးလို့ပဲ ပြောချင်တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013